ထုတ်ဝေသူက သူမျှော်မှန်း သလောက်သာ ထုတ်တာကို တွေ့နေ ရပါတယ်။ ခုက ရောင်းအားတိုးဖို့ ကြိုးစားတာထက် လက်ရှိရောင်းအား ကို လိုက်ထိန်းနေရတဲ့အနေထား ဖြစ်နေတယ်လို့ မြင်မိတယ်။ တချို့ အချက်အလက်တွေလည်း ရှိပါသေးတယ်…။
၂။ စာဖတ်သူတွေဘက်ကကြည့် ရင် ပထမက ဈေးနှုန်းပါ။ မြို့ပေါ် လူတန်းစားက ၅ဝဝ ကျပ်၊ ၂ဝဝ ကျပ်ဆိုတာ ဝယ်ယူဖတ်ရှုနိုင်ပေမယ့် နယ်ဒေသတွေက မဖတ်နိုင်ဘူး။ နေ့စဉ် သတင်းစာစောင်တွေက များတော့ ၅ စောင် ဝယ်ဖို့ဆိုရင် ၁ဝဝဝ ကျပ်ဖိုးလောက်ကုန်မယ်။ တခြားအချက်တွေ လည်း ရှိပါသေးတယ်။ သုတေသန စစ်တမ်း တစ်ခုလောက် ကောက်ယူ ကြည့်ရင်တော့ နီးစပ်နိုင်ပါတယ်။
လဝန်းချိုချို (YU)
Online Media ကြောင့်ဆို တာတော့ တစ်စိတ်တစ်ပိုင်း သက် ရောက်မှုရှိတာပေါ့ဆရာ။ ဒါပေမဲ့ အညှိတက်နေတဲ့ အလွတ်ကျက်ပညာ ရေး၊ကျောင်းစာကြည့်တိုက်ဆိုတာ ဖုန်သုတ် သန့်ရှင်းရေးလုပ်ရုံသာ ထားတဲ့ ပညာရေး၊ မြင့်မြတ်တဲ့စာပေ ကို အသေသတ်ပြီး မျက်စိပိတ်နားပိတ် စေတဲ့ ပညာရေးစနစ်မှာ လူဖြစ်ခဲ့ရ တာက အဓိကလို့ ထင်မြင်ယူဆမိ တယ်။ နိုင်ငံ့မျက်စိ နိုင်ငံ့နားတွေ ပိတ်ကုန်တာဟာ ဘာနဲ့မှ အစားထိုး မရတဲ့ ဆုံးရှုံးမှုပါ။ Social Media ထွန်းကားတဲ့ နိုင်ငံတွေမှာ စာအုပ် တွေက ရောင်းအားကောင်းပြီးရင်း ကောင်းရင်းပါပဲ။ အခြေခံပညာရေး ကို ပြုပြင်ပြောင်းလဲနိုင်မှ မြန်မာ စာပေဆက်လက်ရှင်နိုင်မယ်လို့ ကျွန်မ ယူဆမိပါတယ်ဆရာ။
ရဲမင်းထွဋ်
ဒီလို သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ရပ်နားသွားခြင်း ဟာဆိုရင် နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်ဆို တာ လူတိုင်းအားလုံး သိသင့်ပါတယ်။ ဒါကြောင့်စာပေချစ်စိတ်များနဲ့ ကိုယ်တတ်နိုင်သလောက် (ဝယ်ယူဖတ်ရှု တာမျိုးပဲဖြစ်ဖြစ်/စာကြည်တိုက်တွေ လှူတာမျိုးပဲဖြစ်ဖြစ်)ထမ်းဆောင်ကြမယ်ဆိုရင် ဒီလိုမျိုး ရပ်နားမှုမျိုး တွေ မရှိနိုင်ပါဘူး။
စာရေးနေသူ အချို့ကလည်း ဂျာနယ်ဆိုင်ကိုဝင်တာနဲ့ ဟိုလှန်ကြည့် ဒီလှန်ကြည့်လုပ်ပြီး ကိုယ်ရေး သားတာပါဝင်တဲ့ သတင်းစာ၊ ဂျာနယ် ကိုသာ ဝယ်ယူလေ့ရှိပြီး အခြား သတင်းစာများကို ဝယ်ယူဖတ်ရှုလေ့ မရှိတာကို တွေ့ရပါတယ်။ စိတ်မကောင်းစရာပါ။(မကောင်းမြင်ခြင်း မဟုတ်ပါ)
အစိုးရဘက်ကနေလည်း တတ်နိုင်တဲ့ဘက်က စာပေအပေါ် အလေး ထားဆောင်ရွက်ဖို့လိုလိမ့်မယ် ထင်ပါတယ်ဆရာ။ တိုင်းပြည်ကြီး ဆင်းရဲ တာလည်း ပါပါတယ်ဆရာ။ စာဖတ်အား မြှင့်တင်ရေးဘယ်လိုဆောင်ရွက် သင့်လဲ။ ရေရှည်တည်တံ့ဖို့ ဘယ်လို ဆောင်ရွက်သင့်လဲဆိုတာ ဆရာတို့က ပိုသိပါတယ်ဆရာ။ ဒီလို ရပ်နားတော့ မယ့် သတင်းကြားရင် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါပဲဆရာ။
Po Po
ဖုန်းပေါ်လာတော့ စာရွက်ကိုင် စာမဖတ်ချင်ကြတော့ဘူး။ သတင်းတွေက်ခေနဘသသုမှာ မြန်မြန်တက်ပြီး သတင်းစာတွေက နောက်ကျမှပါ တာမျိုး။ ကျွန်တော်မြင်တာ ပြောပြ တာပါ။ ဖုန်းပေါ်လာသမျှ စာအုပ်၊ သတင်းစာဝယ်ဖတ်တာ နည်းသွား မှာပဲ။ ခေတ်တုံးတယ်ပြောရင် လက်ခံ ရမှာပဲ။ ကျွန်တော်ကတော့ စာအုပ်ကိုင်စာဖတ်ရတဲ့ အနှစ်သာရကို ပိုကြိုက်တဲ့လူတစ်ယောက်ပါ။
Zaw W Than
Online ကြောင့်ဆိုရင် အနည်း ငယ်မျှသောအနည်းငယ်ပါ။ လူငယ် တွေ အားလုံး Online သုံးစွဲကြပါတယ်။ Online ပေါ်ကနေ စာမဖတ်ပါ။ သူ တို့အချင်းချင်း တိုးကြဝှေ့ကြ တိုက်ကြ ခိုက်ကြ၊ ရှာကြဖွေကြ အဆင့်ပါ။ မယုံ ရင် research လုပ်ကြည့်ပါ။ စာဖတ် ရကောင်းမှန်း မသိတော့တာ မြန်မာ့ ပညာရေးစနစ်နဲ့ ခေတ်ဆိုးခေတ်ကြပ် ရဲ့ သားကောင်များအဖြစ် ရောက်ရှိ သွားရတဲ့ အကြောင်းရင်းပါ။
မိဘတွေ သူတို့သားသမီးတွေကို ဘာလို့စာဖတ်မသင်ကြသလဲ။ အဲ့ဒီ မိဘတွေ စားဝတ်နေရေး နွံအတွင်း က ရုန်းမထွက်နိုင်တော့ သားသမီး တွေကို နီတိကျင့်ဝတ်တွေ၊ စာဖတ် ခိုင်းဖို့တွေဟာ အလိုလို ပျောက်သွား ရတယ်။ တိုင်းပြည်မျက်လုံးနဲ့ ဦးနှောက်တွေ သေကုန်တာပေါ့။ အဲဒီ လိုဖြစ်အောင် အသေအချာအကွက် ကျကျများ လုပ်ခဲ့လေရော့သလား။ အာဏာရှင် လက်အောက်မှာ ပိပိ ပြားပြားနေခဲ့ရတဲ့ပြည်သူတွေဟာ ဒီလိုဖြစ်တတ်ကြတာချည်းပါပဲ။
Kyi Zaw Lin
ကျွန်တော်မြင်တာကတော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကို စတင် ထုတ်ဝေဖို့ ကြိုးစားကတည်းက Planning အပိုင်း အားနည်းခဲ့လို့ ထင်ပါတယ်။ စာပေချစ်စိတ်တစ်ခု တည်းနဲ့ လုံးပန်းလိုက်ကြတယ်၊ တကယ်လို့ မအောင်မြင်သေးရင် (အောင်မြင်မှုကို ဆက်လက်ထိန်း သိမ်းဖို့) ဘယ်နည်းနဲ့ ဆက်သွားမယ် ဆိုတဲ့ Alternative ways တွေကို ထည့်သွင်းမစဉ်းစားခဲ့ဘူး ထင်ပါ တယ်။ ပြီးတော့ (အချင်းချင်း)အပြိုင် သဘောပဲဖြစ်ပြီး ပူးတွဲဆောင်ရွက်မှု၊ အပြုသဘော ဝေဖန်ထောက်ပြမှု၊ ဖေးမကူညီမှု အားနည်းမယ်လို့ ယူဆ ချင်ပါတယ်။ အဲဒါကြောင့် ကျွန်တော့် စာကြည့်တိုက် ကဗျာတစ်ပုဒ်မှာ အဲဒီခံစားချက်လေး ရေးခဲ့ဖူးပါတယ်။ ကိုယ်ပိုင် အမြင်လေးပါ။
Mal Saw
Online မသုံးစွဲတတ်ခင်က စာအုပ်အငှားဆိုင်ကို နေ့တိုင်းရောက် တယ်။ အနည်းဆုံးမဂ္ဂဇင်းတစ်အုပ် အများဆုံး သုံးအုပ်ငှားဖြစ်တယ်။ငှားခလည်းဈေးမများသေးတဲ့အချိန် ဆိုတော့ မဖတ်ဖြစ်တဲ့နေ့မရှိဘူး။ ဂျာနယ်တွေပေါ်လာတော့ ပေါ်ပြူ လာဂျာနယ်၊ အလင်းတန်းဂျာနယ်၊ နန်းမြင့်ဂျာနယ်၊ ရွှေမန္တလေးဂျာနယ် လေးစောင် အပတ်စဉ် လေးနှစ် လောက်ယူဖူးတယ်။ မဂ္ဂဇင်းငှားဖတ် နှုန်းလည်းမကျသေးဘူး။ စာအုပ်တွေ ဈေးကြီးလာတယ်။ ဂျာနယ်တွေ ထွက်လာတာများတယ်။ သူရိယ နေဝန်း အပတ်စဉ်ယူဖတ်ပြန်တယ်။
တဖြည်းဖြည်း ဈေးတွေတက် တက်လာတော့ မယူနိုင်တော့ဘူး။ မဂ္ဂဇင်းဈေး ခေါင်ခိုက်လာတော့ ငှားခကဝယ်ဈေး အရင်းပြန်မရတဲ့ အခါ စာအုပ်အငှားဆိုင်က ဖတ်သူ နည်းတဲ့ မဂ္ဂဇင်းတွေမတင်တော့ဘူး။ ဒီလိုနဲ့ စာအုပ်ဆိုင်တွေဟာတောင့်မခံ နိုင်တော့ဘဲ ဘောလုံးဂျာနယ် ဦးစား ပေးရောင်းတဲ့ ဂျာနယ်အရောင်း ဆိုင်ဘဝ ပြောင်းသွားကုန်ကြတယ်။
online ပေါ်အချိန်ကုန်တာ ရယ်၊ ငှားဖတ်စရာမဂ္ဂဇင်းတင်တဲ့ဆိုင် ရှားပါးပျောက်ကွယ်တာရယ်၊ နောက် မျိုးဆက်တွေ စာဖတ်ဆက်ပြတ်ကုန် တာရယ်။ စာကြည့်တိုက်ရှိပြီးလည်း ဖတ်မှုမရှိတာရယ်၊ တိုင်းပြည်ချို့တဲ့ ဆင်းရဲတာရယ်၊ ကိုယ်ပိုင်ဝယ်ဖတ်ချင် တောင် ခေါင်ခိုက်နေတဲ့စာအုပ်ဈေးနှုန်း တွေရယ်၊ ကဗျာစာအုပ်ဆိုရင် ဝယ် မဖတ်ချင်ကြတဲ့ ကဗျာချစ်ချင်ယောင် ဆောင်သူများရယ်ကြောင့် (အခြား အကြောင်းအရာများလည်းရှိနိုင်ပါ သေးတယ်)လို့ ထင်မြင်မိပါတယ်ဆရာ။
ဆက်လက်ဖော်ပြပါမည်။
ညိုသစ်ငယ်