နောက်ပိုင်းဇာတ်တော်ကြီးတွေကို ပရိသတ်တွေ ပြန်လည်စိတ်ဝင်စားလာကြပြီဆိုတဲ့ ချစ်စွမ်းသာ

0
208

ကိုယ်ပိုင်ဇာတ်အဖွဲ့ တည်ထောင်ပြီး မြန်မာနိုင်ငံအနှံ့ ကပြလျက်ရှိနေတဲ့ သဘင်မင်းသား ချစ်စွမ်းသာက အခုဆိုရင် ပွဲချီပေါင်း ၇ဝ လောက် ကပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ သူကိုယ်တိုင် ဇာတ်ဦးစီးတစ်ယောက်အနေနဲ့ ကပြနေတဲ့အခါမှာတော့ တချို့အခက်အခဲလေးတွေတော့ တွေ့ရှိရပေမယ့် အားမလျှော့ဘဲနဲ့ ဆက်လက်ကြိုးစားသွားမယ်လို့ ချစ်စွမ်းသာက ပြောပါတယ်။

သူများဇာတ်မှာ ကခဲ့ရတာနဲ့ ကိုယ်ပိုင်ဇာတ်ထောင် ပြီး ကရတာ ကွာခြားမှုဘာတွေရှိမလဲလို့ သူ့ကို မေးတဲ့အခါမှာတော့…”ကျွန်တော့် အဖေဆီမှာကတုန်းကတော့ တင်ဆက်မှုတွေ၊ ပွဲကိစ္စတွေက သိပ်မသိဘူးလေ။ ဒီအတိုင်း ကလေးလိုပဲနေခဲ့တာ။ အခုကျတော့ အရာရာကိုယ့်ခေါင်းပေါ်မှာပဲ ဖြစ်နေတာပေါ့။ ဇာတ်အဖွဲ့ သွားရေးလာရေး၊ ဖျော်ဖြေတင်ဆက်မှုကအစ အားလုံးအဆင်ပြေဖို့အတွက် ကိုယ့်ခေါင်းပေါ်မှာပဲ ရှိနေတယ်။ အဲဒီတော့ ပိုပြီးတော့ စဉ်းစားရတယ်။ ပိုပြီးတော့ ခေါင်းထဲမှာ ထည့်ရတယ်။ တစ်ခါတလေလည်း စိတ်ညစ်ရတာ တွေရှိတာပါပဲ။ စီးပွားရေးက သေးသေးလုပ်ရင် သေးသေးစိတ်ညစ်ရသလို ကြီးကြီးလုပ်ရင် ကြီးကြီးစိတ်ညစ်ရတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အထူးအထွေကြီးတော့ သိပ်မရှိပါဘူး။ ကျွန်တော်ဖြေရှင်းနိုင်တဲ့ အတိုင်းအတာအထိ ကျွန်တော် ဖြေရှင်းနိုင်ခဲ့ တယ်”လို့ ချစ်စွမ်းသာက ပြောပြပါတယ်။ သူကတော့ ကိုယ်ပိုင်ဇာတ်ကို တည်ထောင်ဖြစ်ရခြင်းကလည်း အလှူအတန်းပြုလုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ရယ် မိဘမဲ့ကလေးငယ်တွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက်ရယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ၏

”ဒီနှစ်တစ်နှစ်လုံး အတိုင်းအတာ ပြီးသွားတာနဲ့ လှူသင့်သလောက်ပြန်လှူဖို့ စိတ်ကူးထား ပါတယ်။ အခုလက်ရှိမှာကံ၁ြ၁ ကလည်းဖြစ်၊ စီးပွားရေးတွေကလည်း အရင်လို တအားကြီး မကောင်းကြဘူး။ အဲဒီ့တော့ ကျွန်တော်တို့ ဇာတ်အဖွဲ့တွေအနေနဲ့လည်း ဒီဇာတ်ကို လည်ပတ်ဖို့အတွက် ကိုတောင် တော်တော်ကြီးကို ရုန်းကန်နေကြရတာပါ” လို့ ချစ်စွမ်းသာက ပြောပြပါတယ်။

”လနတ်သားလေး ချစ်စွမ်းသာ”ဆိုပြီး နှစ်ပါးအခွေ ထွက်ထားတဲ့ သူ့အနေနဲ့ ရှေ့နှစ်ထဲမှာတော့ နှစ်ပါး တစ်ခွေထပ်ထွက်ဖို့ စီစဉ်ဦးမယ်လို့ သူက ပြောပါတယ်။ ချစ်စွမ်းသာတို့ ဇာတ်အဖွဲ့က ဇန်နဝါရီလထဲမှာတော့ ရန်ကုန်မှာ ကပြမှာဖြစ်ပြီး ဇာတ်စတင်တည်ထောင်ကတည်းက ရန်ကုန်မှာ မကပြရသေးတဲ့အတွက် ရင်ခုန်မိ ပါတယ်လို့လည်း ဆိုပြန်ပါတယ်။ ဒါ့အပြင် အော်ပရာဇာတ်ထုပ်အသစ် တစ်ထုပ်လည်းကပြဖို့ ရှိနေပြီး နောက်ပိုင်း ဇာတ်တော်ကြီးတွေကိုလည်း ကပြဖြစ်တယ်လို့ သိရပါတယ်။

”ဇာတ်တော်ကြီးတွေကို ပရိသတ်တွေ ပြန်လည်စိတ်ဝင်စားလာကြတယ်။ ပြန်လည်ကြည့်လာကြတယ်။ ကျွန်တော်လည်း ဇာတ်တော်ကြီးကို ထပ်လုပ်ဖို့ စဉ်းစားထားတာတွေရှိတယ်” လို့ ချစ်စွမ်းသာက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here