ရုပ်ရှင်ညီလာခံနဲ့ အနုပညာလောကသားတို့၏ အသံ

0
144

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးစီးကျင်းပတဲ့ ရုပ်ရှင်ညီလာခံကို ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ညီလာခံကိုတော့ ရုပ်ရှင်လောကသားများစုံညီစွာ တက်ရောက်ခဲ့ ကြတာတွေ့ရပြီး အလွှာအသီးသီးက လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း အခုလက်ရှိ အမှုဆောင်အသစ်လက်ထက်မှာ ပြုလုပ်နိုင်ခဲ့တဲ့ ရုပ်ရှင် ညီလာခံနဲ့ပတ်သက်လို့ ရုပ်ရှင်လောကသားတွေရဲ့ စကားသံများကို မေးမြန်းဖော်ပြပေးလိုက်ရပါတယ်။

ရန်အောင်

ရုပ်ရှင်လောကရဲ့ လိုအပ်ချက်အသီးသီးကို အလွှာအသီးသီးကနေ တင်ပြလာတယ်။ တကယ့်ကို လိုအပ်တဲ့ဟာတွေလည်း ဖြစ်တယ်။ အခု တင်ပြခဲ့တဲ့အချက်တွေအကုန်လုံးကို ကျွန်တော့်ဘက်က သိပ်ပြီးသဘောကျ တယ်။ သိပ်ပြီးတော့ သဘောမကျတဲ့ အချက်အလက်လေးတွေရှိပါတယ်။ ဒါပေမဲ့ အကုန် တော်တော်များများကို သဘောကျပါတယ်။ ဝမ်းသာပါတယ်။ အခုဟာက တော်တော်ကြီးကိုပြည့်စုံပါတယ်။ ကျွန်တော် ထပ်ပြောချင် တာတစ်ခုကတော့ ကျွန်တော်တို့ရဲ့ဥက္ကဌကြီးကို ပြောချင်တာ ဘာလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကျွန်တော်တို့ကင်မရာတွေနဲ့ Live တွေရိုက်ပြီး မတင်ဖို့ပေါ့ လေ။ အဲဒါလေး ကျွန်တော်သတိပေးရင်းနဲ့ တောင်းဆိုမှုလေးတစ်ခုပေါ့။ ဒါက တော့ နိုင်ငံတကာမှာဆိုလို့ရှိရင် ကျွန်တော်တို့ကြားဖူးတာပါ။ ရိုက်ကွင်းပေါ် မှာဆိုရင် ကင်မရာတွေ၊ ဖုန်းတွေကို သပ်သပ်ထားခဲ့ရတယ်။ ရိုက်ကွင်းပေါ်ကို သယ်လာခွင့်လည်းမရှိဘူး။ Live ရိုက်လို့လည်းမရဘူး။ အဲဒီလိုလေးတော့ ရှိတယ်ဗျ။ ဒါက ကျွန်တော်တို့ လိုဦးမှာပါလေ။ ဒါပေမဲ့ လုပ်တာတော့လုပ်ရမှာ ပါ။ ဟိုတစ်ခါ Live တွေရိုက်မှန်းမသိ ရိုက်ပြီးတော့ ကျွန်တော်တို့က ဘာတွေ ပြောလို့ပြောမှန်းမသိပြောနေကျ၊ ချွတ်ချွတ်ချော်ချော်လေးတွေဖြစ်သွားတာ မျိုးလေးတွေရှိတယ်။ အဲ ဒါလေးတွေကို သတိထားပြီးတော့ ပြုပြင်စေချင်တယ်။ ထိန်းသိမ်းနိုင်ပြီးတော့ စည်းကမ်းလေးထုတ်နိုင်ရင်တော့ ကောင်းနိုင်မယ်လို့ ကျွန်တော်စဉ်းစားမိပါတယ်။

လွင်မိုး

အကြံပြုစာတော့ ပေးထားတာမရှိဘူး။ ညီလာခံတက်ဖြစ်ခြင်းရဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ညီညွတ်ခြင်းကို ပြတယ်ဆိုတဲ့ သဘောတွေ အများကြီးပါပါတယ်။ ဒီသဘောနဲ့ လာတာလည်း ဖြစ်ပါတယ် ခင်ဗျာ။ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ၂ ပိုင်းခွဲမြင်ပါတယ် ခင်ဗျ။ ကျွန်တော်တို့ ၂ဝဝ၆ခုနှစ်က ဆင်ဖိုစီယမ်ဆိုပြီး တစ်ခုလုပ်ခဲ့ပါ သေးတယ်။ အန်တီဂရေ့စ်တို့နဲ့ ကျွန်တော်တို့ Micasa မှာ လုပ်ခဲ့တာပေါ့။ အဲဒီ ဆင်ဖိုစီယမ်မှာတော့ ကျွန်တော်တို့ ကိုရီးယား ပညာရှင်တွေပါပြီးတော့ ဆွေးနွေးပွဲ တစ်ခုလုပ်ပြီးတော့ အဲဒီမှာ ကျွန်တော်သိရတဲ့ အချက်တစ်ချက်က နိုင်ငံတစ်နိုင်ငံရဲ့ ရုပ်ရှင်မှာ ကွဲလွဲနေတဲ့ အကြောင်းအရာ ၂ ချက်ရှိတယ်။ အဲဒါက အနုပညာဆန်သော ရုပ်ရှင်နဲ့ ငွေရေးကြေးရေး အမြတ် အစွန်းရသော ရုပ်ရှင်ဖြစ်ပါတယ်။ အင်တာတိန်းမန့် ဆန်သောရုပ်ရှင်ကားသည် ငွေရေး    ကြေးရေးအမြတ်အစွန်း အများကြီးရတယ်။ အနုပညာဆန်တဲ့ ရုပ်ရှင် ဇာတ်ကားတွေက ငွေရေးကြေးရေး အမြတ်အစွန်း သိပ်မရကြဘူး။ ဒီအခြေ အနေကတော့ လူတွေ လွယ်လွယ်ပြောနေကြတဲ့ ပေါကားပေါ့။ ပေါကားကို အကုန်လုံးလည်း သိကြပြီးသား ဖြစ်တယ်။ သူ့ရဲ့ ငွေရေးကြေးရေး အမြတ် အစွန်းကြီးတယ်။ အနုပညာဆန်တဲ့ ဇာတ်ကားတွေကတော့ ငွေရေးကြေးရေး အမြတ်အစွန်းနည်းတယ်။ သို့သော်လည်း အနောက်နိုင်ငံတွေမှာကျတော့ အနု ပညာအရည်အသွေးတွေ ကျဆင်းလာလို့ရှိရင် ရုပ်ရှင်လောက နိမ့်ပါးသွားမှာ စိုးတဲ့အတွက် အနုပညာဆန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အစိုးရက ပံ့ပိုးတယ်။ ဘယ်လိုပံ့ပိုးပေးလဲဆိုတော့ သူတို့ဆီမှာ ကျောင်းတွေ၊ ကောလိပ်တွေ၊ တခြား အဖွဲ့အစည်း NGO တွေရှိတဲ့အတွက် သူတို့ဆီက ကျောင်းတွေမှာ ပြန်ပြပြီး တော့ ငွေရေးကြေးရေး ပြန်ရှာပေးတဲ့ အပိုင်းတွေရှိတယ်။ ပြောချင်တာ တစ်ခုက တော့ ဒီလောက်ကြီးတော့ ကျွန်တော်တို့က သွားလို့မရသေးဘူး။ ကျွန်တော် တို့ဖြစ်နေတဲ့ Position က ဘာမှာသွားဖြစ်နေလဲဆိုတော့ အနုပညာဆန်သော ဇာတ်ကားနဲ့ အင်တာ တိန်းမန့်ဆန်သော ဇာတ်ကားဆိုပြီးတော့ ၂ပိုင်းမှာ ကျွန်တော်တို့သွားဖြစ်နေတာကိုး။ အဲဒါလေးကတော့ ချက်ချင်းကြီး အနုပညာ ဆန်ရမယ်ဆိုပြီးတော့ လုပ်လို့မရသလို အင်တာတိန်းမန့် သိပ်ဆန်နေတဲ့ လွယ် လွယ်ပြောတဲ့ ပေါကားတွေကို ချက်ချင်းရပ်ပါဆိုတာကလည်း ခက်ခဲတဲ့ အနေအထားတွေရှိပါတယ်။

ကျော်ကျော်ဗိုလ်

ဆန္ဒတွေကတော့ ကျွန်တော်တို့ ရပ်တည်နေတဲ့၊ ကျွန်တော်တို့ အ သက်မွေးဝမ်းကျောင်းပြုနေတဲ့ လောကကြီးကို တိုးတက်စေချင်တာလေ။ အဘက်ဘက်က ဖွံ့ဖြိုးစေချင်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ အကြံဥာဏ် လေးတွေ ဝိုင်းပေးကြမယ်။ အဆိုပြုကြမယ်။ အပြုသဘောဆောင် ပြီးတော့ ဆွေးနွေးတိုင်ပင်ကြမယ်ပေါ့။ ဒါမျိုးလေးတွေလုပ်ကြမယ်ပေါ့။ ဒီလို စုစု စည်းစည်း တက်ရောက်လာကြတော့လည်း အားလုံးအဆင်ပြေပါတယ်။ ရလဒ် ကတော့ အကုန်လုံးက တိုးတက်ဖို့ လမ်းကြောင်းပေါ်ကို သွားချင်လို့ လုပ်ကြ တာဖြစ်တဲ့အတွက် တိုးတက်ဖို့ပဲ မြင်ပါတယ်ဗျ။

 နေတိုး 
ဒီနေ့က ရုပ်ရှင်အလွှာအသီးသီးက ညီလာခံမှာ ဆွေးနွေးတိုင်ပင်ပြီး တော့မှ ရုပ်ရှင်ရဲ့ နောင်အနာဂတ်အတွက် အကောင်းဆုံးတွေကို စနစ်တကျနဲ့ ပြင်ဆင်ပြီး ရိုက်ကူးသွားဖို့အတွက် ရုပ်ရှင်ညီအစ်ကို မောင်နှမတွေ အားလုံး စုစည်းပြီးတော့ ဝင်ရောက်ဆွေးနွေးတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရလဒ်ကလည်း တော်တော်လေးလည်း စိတ်တူ ကိုယ်တူဖြစ်နေတာတွေ့ရတော့ ကျွန်တော့်အနေနဲ့ အလွန်ပဲ ကျေနပ်မိပါတယ်။ ဒီပွဲကို တက်ရောက်ရခြင်း ပေးရတဲ့ အချိန်ကလည်း နောင်အနာဂတ် အတွက် အလွန်အကျိုးရှိတဲ့နေ့တစ်နေ့ လို့လည်း ပြောလို့ရပါတယ်။ ရုပ်ရှင်ဆိုတာ အဖွဲ့အစည်း အလွှာအသီးသီးက တက်ညီလက်ညီနဲ့ teamwork မိမိနဲ့ အလုပ်လုပ်နိုင်မှသာလျှင် ကောင်းမွန်တဲ့ result တစ်ခုကို ရတဲ့ အနုပညာတစ်ခုလည်း ဖြစ်တယ်။ စုပေါင်းညီညာပြီးတော့မှ တကယ်ကို ဖွဲ့စည်းထားတဲ့ ပုံစံကိုကလည်း ရုပ်ရှင်ရဲ့ ဇာတ်ကားကိုပဲ direction focus လုပ်ပြီးတော့မှ ဦးတည်ပြီး လုပ်ရတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ လိုအပ်ချက်လေးတွေကို အနည်းနဲ့အများ digital cinema   ခေတ်မှာ တွေ့မြင်လာရတယ်။ အဲဒီအားနည်းချက်တွေကို ဒီမှာ အကုန်လုံး ပြန်လည်ဖြည့်ဆည်းနိုင်အောင်အတွက် တိုင်ပင်ဆွေးနွေးကြပါတယ်။

မြင့်မြတ်

နှစ်ပေါင်း ကိုးဆယ့် ရှစ်နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် လွတ်လပ်စွာ ကျင်းပခွင့်ရတဲ့ပွဲဖြစ်တဲ့အတွက် အလွန်ဝမ်းသာစရာကောင်းပါတယ်။  ဒီပွဲ မှာလည်း အနုပညာညီအစ်ကိုမောင်နှမတွေ စုံလင်စွာတက်ရောက်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။

ခိုင်သင်းကြည်

ရုပ်ရှင်ညီလာခံဆိုတော့ မခိုင်တို့လို ရုပ်ရှင်အဖွဲ့သားတွေ အကုန်လုံး တက်သင့်တဲ့ပွဲပါ။ မခိုင်အခု လာတယ်ဆိုတာက တင်ပြစရာတော့ မရှိပါဘူး။ အဓိကကတော့ ဒီမှာ အကုန်လုံးတင်ပြသွားတာ၊ ဆွေးနွေးသွားတာတွေကို မခိုင်တို့က မသိလိုက်မှာစိုးလို့ နားထောင်တယ်။ နောက်ပြီးကျတော့ ဘယ်လို တွေဖြစ်သင့်တယ်ဆိုတာတွေကို လေ့လာတယ်။ အဲဒီလိုမျိုးပါ။ အဲဒီအတွက် လာတာပါ။

လင်းဇာနည်ဇော်

ဒီနေ့ပွဲတက်ရောက်ဖြစ်တာကတော့ အစ်မတို့ ရုပ်ရှင်လောကသား တွေအတွက် ညီလာခံဖြစ်တဲ့အခါကျတော့ ဒီလိုမျိုးဟာမျိုးက ဖြစ်လည်း ဖြစ်သင့်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်သမားတွေဟာ များများ တွေ့ရလေကောင်းလေပဲ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ တစ် ယောက်လိုအပ်ချက်ကို တစ်ယောက်ညှိနှိုင်းပြီးတော့ ရုပ်ရှင်လောကတိုးတက်ဖို့ အတွက်ကို ဒီလိုမျိုး မကြာခဏလုပ်သင့်တယ်လို့လည်း ထင်ပါတယ်။ အဲဒါ ကြောင့်လည်း အစ်မတက်ရောက်ဖြစ်တာပါ။

ဖူးစုံ

အလွန်ကောင်းတဲ့ပွဲကြီးတစ်ပွဲပါ။ ညီလာခံကြီး ပြီးသွားရင် ရုပ်ရှင်သမား တွေလည်း ဒီထက်ပိုပြီး ချစ်ခင်လာကြမယ်။ စည်းလုံးလာကြလိမ့်မယ်လို့ မြင် ပါတယ်။

စိုးရန်အောင်

အလွှာပေါင်းစုံ ရှိတဲ့ထဲက တစ်လွှာချင်းစီကနေ ထင်မြင်ချက်တွေ၊ အကြံဥာဏ်တွေ၊ ဖြစ်စေချင်တဲ့ ဆန္ဒတွေ အားလုံးကိုစုပေါင်း ပြီးတော့ ကိုယ်စားလှယ် တွေက လိုချင်တဲ့ အချက်လေးတွေကို ပြောပြသွား တယ်ပေါ့နော်။ အချက်အလက်တွေကလည်း ကောင်းပါတယ်။ ခုလိုမျိုး ရုပ်ရှင်ညီလာခံ ကိုလည်း ကျွန်တော်တို့အနေနဲ့ ပထမဆုံးအနေနဲ့တက်ခွင့်ရ တာပါ။ ဒီညီလာခံကနေပြီးတော့ ကိုယ့်လောက သားတွေရဲ့ အကောင်းဆုံးရှေ့ ဆက်ရမယ့် ခရီးတွေ အတွက် အကောင်းဆုံးနည်းလမ်းတွေထွက်ပေါ် လာလိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်။

ချမ်းမေမြတ်နိုး

ညီမတို့ အနုပညာအလုပ် စလုပ်ကတည်းက ဒီလို ပွဲမျိုးတစ်ခါမှမကြုံဖူးသေးဘူးပေါ့နော်။ ပြီးတော့ ဒီရုပ် ရှင်လောက ပြန်လည် ထူထောင်လာဖို့အတွက် အားလုံး ဝိုင်းပြီးတော့ ဆွေးနွေးကြတဲ့ ပွဲလည်းဖြစ်တဲ့အတွက် ဝမ်းသာပြီးတော့ ဒီပွဲလေးကိုတက်ရောက်တာပါ။ ဒီပွဲ လုပ်လိုက်တဲ့အတွက် ကောင်းတဲ့ အချက်တွေက ကိုယ့် စိတ်ထဲမှာဖြစ်နေတဲ့ ဆန္ဒတွေအကုန်လုံးကို အများ သဘောတူပြီးတော့ အားလုံးရှေ့မှာ ထုတ်ဖော်ပြောပြတဲ့ အတွက် တစ်ဦးတစ်ယောက်တည်း ဆန္ဒမဟုတ်ဘဲ အား လုံးသဘောတူချက်နဲ့ဆိုတာ့ ရုပ်ရှင်လောက ပိုပြီးတော့ ကောင်းလာဖို့ရှိတယ်လာဖို့ပဲ မြင်မိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here