Mister Tourism World 2017 ပြိုင်ပွဲကြီး ကျင်းပတော့မည်

0
136

ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမယ့်Mister Tourism World 2017 ပြိုင်ပွဲ အစီအစဉ်နဲ့ မြန်မာကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မယ့် အောင်ဆိုင်းထွဋ်နဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာလကုန်က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး Mister Tourism World 2016 ဆုရှင် ဥက္ကာမင်းမောင်က . . .

”ကျွန်တော်ကတော့ Main Organizar ထဲက တစ်ယောက်ပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုပွဲမျိုးမရှိသေးဘူး။ မြန်မာနိုင်ငံရဲ့ Tourism ကလည်း အားလုံးသိတဲ့အတိုင်း ကျဆင်း နေတယ်။ အခုလို ကျဆင်းသွားတဲ့အခါမှာ ကျွန်တော်တို့ ဒီပွဲကို လုပ်ခြင်းအားဖြင့် ကျွန်တော်အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက မြန်မာနိုင်ငံဟာ Travel လုပ်ဖို့ Save ဖြစ်ပါတယ်။ သတင်းအမှားတွေနဲ့ မြန်မာနိုင်ငံရဲ့ Tourism ကျဆင်းသွားတဲ့အပေါ်မှာ တစ်ဖက်တစ်လမ်းကနေ အတိုင်းအတာ တစ်ခုထိရောက်အောင် မစ္စတာတစ်ယောက်အနေနဲ့ ကြိုးစားနိုင်တဲ့ဘက်ကနေ ဒီပြိုင်ပွဲကို ကြိုးစားလုပ်ပြတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအဆင့်ဆင့်နဲ့ ပတ်သက်ပြီးလည်း ဥက္ကာမင်းမောင် က …

“Talent Show Inational Custome ပါမယ်။ Camping ရိုက်ကူးရေးတွေပါမယ်။ ပြီးတော့ တက္ကသိုလ်ကျောင်းသွားပြီးတော့ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့Tourism ကြောင့်ဖြစ်တဲ့ အရာတွေကို ပြိုင်ပွဲဝင် အကုန်လုံးက ကျောင်းသားတွေနဲ့ ဆွေးနွေး ရမယ်။ကျောင်းသားတွေက မေးရမယ်။ မေးတဲ့မေးခွန်းအတွက် သူတို့မှာ အဖြေရှိရမယ်။ ဒါကလည်း အမှတ်ပေးစည်းမျဉ်းထဲမှာပါပါတယ်။ အဆင့်ဆင့်ယှဉ်ပြိုင်လာပြီးတဲ့အခါမှာ နောက် ဆုံး Grand Final မတိုင်မီမှာTop ten list က ရှိပြီးသားဖြစ်မှာပါ။ ဆယ်ရက်တာအတွင်းမှာ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို ကြည့်ပြီးWinner တစ်ယောက်ကို ရွေးချယ်သွားမှာ ဖြစ်ပါ တယ်။ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂ဝ ကျော်ပါမယ်။ ဒီဇင်ဘာလ ၁ဝ ရက်ကနေ ပြိုင်ပွဲ စတင်ဝင် ရောက်ရပါ့မယ်။ ၂၂ ရက် နေ့ထိပေါ့” လို့ ထပ်မံပြောပြပါတယ်။

ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တော်ဝင်ဂါးဒင်းဟိုတယ်မှာ National Costume ရဲ့ Oreliminary Competition ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ၅နာရီခွဲအချိန် အမျိုးသား ကဇာတ်ရုံမှာGrand Final Venue  ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here