MOEZY သနပ်ခါး မျက်နှာဖုံးများ ဈေးကွက်မှာ စတင်ဖြန့်ချိလိုက်ပြီဖြစ်တဲ့ အလှမယ် မိုးစက်ဝိုင်

0
286

Miss Universe Myanmar 2013 အလှမယ်မိုးစက်ဝိုင်က သနပ်ခါးရနံ့ပါတဲ့ MOEZY မျက်နှာဖုံးကို မြန်မာနိုင်ငံပြည်တွင်း ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ သနပ်ခါး mask တွေကို ဒီဇင်ဘာလ ၁ဝရက်နေ့မှာ စတင်ဖြန့်ချိလိုက်ပြီဖြစ်ပြီး ကွာလတီကောင်းကောင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ကြောင်းကို မိုးစက်ဝိုင်က..

“ဒီ mask က မြန်မာပြည်အတွက် ရည်ရွယ်ပြီး မိုးစက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိုးစက်ကိုယ် တိုင်ကလည်း ကိုရီးယား mask တွေ ကို တအားသုံးတယ်။ ကိုရီးယားမှာ ဒီလို mask မျိုးမရှိဘူး။ မြန်မာပြည် အတွက်ရည်ရွယ်တဲ့ သနပ်ခါး mask ပါ။ ရာသီဥတုနဲ့ ကိုက်ညီ အောင်လို့ မျက်နှာမှာကပ်ထား လို့ရှိရင်အေးနေ တဲ့ဖီလင် လေးထည့်ပေးထားပါတယ်။ ဒါကြောင့်မို့လို့ အမောပြေမယ်။ လန်းဆန်းမယ်။ လှလည်း လှမယ်။ မြန်မာနိုင်ငံရဲ့ FDA ရပြီးပြီ။ ကိုရီးယားနိုင်ငံရဲ့ စက်ရုံမှာ ထုတ်တဲ့အတွက် ကိုရီးယားနိုင်ငံရဲ့ law နဲ့လည်း ကိုက်ညီ တယ်။ နို့မို့ဆို သူတို့လည်း စက်ရုံပိတ်ရမှာပေါ့” လို့ပြောပါ တယ်။ မိုးစက်ဝိုင်က သူ့ရဲ့နာမည်နဲ့ အလှကုန် ပစ္စည်းတွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာ ကြာနေပြီဖြစ်ပြီး အခုအချိန် မှာတော့သူ့ရဲ့စိတ်ကူးတွေ လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့အတွက်ဝမ်းသာပျော်ရွှင်ရပါတယ်လို့ ဆိုပါ တယ်။

နောက်ထပ်လည်း MOEZY အမှတ်တံဆိပ် အနေ နဲ့ အလှအပနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ဆက်လက်ပြီး ထုတ် သွားမှာ ဖြစ်ကြောင်းကိုလည်း မိုးစက်ဝိုင်က ” နောက်ထပ် skincare ဘက်ကို ထုတ်လုပ်သွားမှာပါ။skincare နဲ့ ပတ်သက်ပြီး မြန်မာပြည်ကလူတွေ aware မဖြစ်သေးတာကို မိုးစက် ကြိုးစားပြီး ထုတ်သွားမှာဖြစ်ပါတယ်။ အဓိကကတော့ မိုးစက်က အလှအပကြိုက်တော့အလှအပဆိုင်ရာ ပစ္စည်းတွေကိုလည်း ထုတ်သွားမှာပါ” လို့ပြောပါတယ်။

အလှမယ် မိုးစက်ဝိုင်ရဲ့ ကိုရီးယားနိုင်ငံမှာ ထုတ် လုပ်သော MOEZY  အမှတ်တံဆိပ်သနပ်ခါး မျက်နှာ ဖုံးမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁ဝရက်နေ့၊ နေ့လယ် ၁၂နာရီက Junction Square မှာပြုလုပ်ခဲ့ ပါတယ်။ အဲဒီပွဲမှာ  အဆိုတော် X box, Lil’z နဲ့ ဝိုင်းလေးတို့က တေးသီချင်းများ သီဆို ဖျော်ဖြေခဲ့ကြပြီး မိုးစက်ဝိုင်၊ အွန်ဆိုင်း၊ Beauty Blogger ဝင်းမင်းသန်း တို့ရဲ့Beauty Talk Show အစီအစဉ်များလည်း ထည့်သွင်း တင်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်များ နဲ့အတူ ဂိမ်း ကစားတဲ့အစီအစဉ်လည်း ပါဝင်ခဲ့ပြီး MOEZY သနပ်ခါး မျက်နှာဖုံးများကို မေတ္တာလက်ဆောင်ပေးခဲ့ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here