One Man Show နောက်ထပ်တစ်ခေါက် ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဦးစိုးပိုင်

0
263

ဒီဇင်ဘာလ ၂၃ ရက်နေ့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်မယ့် ရွှေအိုရောင်ဂီတညရှိုးပွဲမှာ တေးသံရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးစိုး ပိုင်လည်း ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။ ဦးစိုးပိုင်ဆိုတာ တစ် ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အဆိုတော် ကြီးတစ်ယောက်ဖြစ်ပြန်တော့ သူ့မှာအောင်မြင်ခဲ့တဲ့ အနု ပညာမှတ်တိုင်တွေ၊ သီချင်းတွေကလည်း အများကြီးပါ။ လာမယ့် ၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ အစီအစဉ် ရှိ မရှိဆိုတဲ့ အမေးကို မေးကြည့်တဲ့ အခါ…

”အဲဒါရှိတယ်။ အရင်လိုပေါ့။ ၂ဝ၁၄ ခုနှစ်တုန်းက လည်း တစ်ခါ One Man Show လုပ်ဖူးတယ်။ အဲဒါ လေးလုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ အခုဒီရွှေအိုရောင် ဂီတညပွဲစီစဉ်တဲ့ ကိုဇောရိုးပေါ့နော်။ ဦးရဲူ့ငလနှ့သတ တွေ၊ တစ်ကိုယ်တော်ရှိုးတွေက သူပဲစီစဉ်တာ။ သူတို့နဲ့ပြောထား၊ ဆိုထားတာတော့ရှိတယ်။ နောက် နှစ်လောက်တော့ ဖြစ်မယ်ထင်ပါတယ်။ ဦးရဲ့ တစ်ကိုယ်တော်ရှိုးပွဲကိုပေါ့” လို့ ဦးစိုးပိုင်ကပြောပါ တယ်။ ကိုယ်နဲ့ခေတ်ပြိုင်သူငယ်ချင်းအဆိုတော် တွေ၊ ညီငယ်တွေနဲ့ရော လက်ရှိမှာ တွေ့ဆုံဖြစ်ကြ သေးလားဆိုတော့ မတွေ့ဖြစ်တော့၊ အဆို တော် ခိုင်ထူးနဲ့တော့ ခဏခဏတွေ့ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ခိုင်ထူးက ကွယ်လွန်သွားပြီ ဖြစ်တာမို့ တွေ့ခွင့်မရနိုင် တော့ဘူးလို့ ဦးစိုးပိုင်က သတိတရ တမ်းတမ်းတတပြောပါတယ်။ ဦးစိုးပိုင်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေအကြောင်း ကိုလည်းမေးဖြစ်တဲ့အခါ…

”ကျန်းမာရေးကတော့ ဦးကထွေထွေထူးထူးတော့ မရှိပါဘူး။ တစ်ခါတလေ လမ်းလျှောက်တယ်။ အစားအသောက် ရှောင်တာမျိုးတွေရှိတယ်။ အသံတွေ ဘာတွေ ကျင့်တာရှိတယ်။ မြန်မာဆေးလေး ဘာလေးစားတာရှိတယ်။ ဒီလောက်ပါပဲ” လို့ ဦးစိုးပိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here