Broken Family တစ်ခုက အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းရတဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ပုံဖော်မယ့် အိမ့်ချစ်

0
185

လူငယ် ပရိသတ် အားပေးမှုနဲ့ အောင်မြင်မှု တစ်ခုကိုလည်း ရရှိထားတဲ့ အဆိုတော် အိမ့်ချစ်ကတော့ လတ်တလော ပွင့်လင်းရာသီမှာ ခရီးတွေ ဆက် တိုက်သွားဖြစ်နေပြီး ၂ဝ၁၈ ခုနှစ် သို့မဟုတ် ၂ဝ၁၉ ခုနှစ်လောက်မှာ သူမရဲ့အောင်မြင်မှုနောက်ကွယ်က ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ အောင်မြင်မှုတစ်ခုကို ရရှိထားတဲ့ သူမရဲ့ အောင်မြင်မှု နောက်ကွယ်က ဘယ်လိုအကြောင်းအရာတွေကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်သွားမယ် ဆိုတာကိုလည်း ခုလိုပြောပြခဲ့ပါတယ်။လူငယ် ပရိသတ် အားပေးမှုနဲ့ အောင်မြင်မှု တစ်ခုကိုလည်း ရရှိထားတဲ့ အဆိုတော် အိမ့်ချစ်ကတော့ လတ်တလော ပွင့်လင်းရာသီမှာ ခရီးတွေ ဆက် တိုက်သွားဖြစ်နေပြီး ၂ဝ၁၈ ခုနှစ် သို့မဟုတ် ၂ဝ၁၉ ခုနှစ်လောက်မှာ သူမရဲ့အောင်မြင်မှုနောက်ကွယ်က ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အောင်မြင်မှုတစ်ခုကို ရရှိထားတဲ့ သူမရဲ့ အောင်မြင်မှု နောက်ကွယ်က ဘယ်လိုအကြောင်းအရာတွေကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်သွားမယ် ဆိုတာကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

“အိမ့်ချစ် ရုပ်ရှင်ရိုက်ကူးမှာကတော့ အဓိကအောင်မြင်မှုနောက်ကွယ် ဆိုတာလေးကို အခြေခံပြီးတော့ရိုက်ကူးမှာဖြစ်ပါတယ်။ အဓိကပေးချင်တဲ့ Message က Broken Family တစ်ခုလည်းဖြစ်တယ်။ အောင်မြင်နေတဲ့ မိသားစုတစ်ခု လည်း ဖြစ်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေပေါ့။ နောက် ပြီးအဲ့ဒီလို မိသားစုထဲကမိန်း ကလေးတေစ်ယောက်အောင်မြင်မှုတစ်ခုကိုရရှိဖို့ ဒီလမ်းကြောင်းကို လျှောက်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ။ လူတွေရဲ့ အထင်သေးမှုတွေ။ စော်ကားခံရတာတွေ။ ဖြစ်ပျက်သွားတတ်တဲ့ စိတ်အခြေ အနေလေးတွေပေါ့။ အဲ့ဒါတွေကို အိမ်ထောင်ကွဲဖို့ လွယ်လွယ်စဉ်းစားကြတဲ့ မိသားစုတွေအတွက် အသိပညာလေး ထည့်ပေးချင်တာပါ။ ဒီလိုမျိုးမိသားစုတွေ ပြိုကွဲကြတဲ့အခါမှာ သားသမီးတွေ ဘယ်လိုခံစားရလဲ။ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာလေးတွေကို Message  လေးပေးချင်တဲ့အတွက် ရုပ်ရှင်ရိုက်ဖို့ စီစဉ်တာပါ” လို့ ပြောခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here