၂ဝ၁၈ မှာ လူမင်း ပထမဆုံး ပုံဖော်သွားမယ့် ညစ်တွန်း

0
316

နှစ်သစ်မှာ လူမင်းကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးသွားမယ့် ထူးခြားတဲ့ ဇာတ်ကားတွေရှိပါတယ်။ လူမင်း ပထမဆုံး ပုံဖော်မယ့် ဇာတ်ကားကတော့ ‘ညစ်တွန်း’ လို့ အမည်ပေးထားပြီး အောင်မြင်ခဲ့တဲ့ ဘောလိဝုဒ်ဇာတ်လမ်းကို လူမင်းကိုယ် တိုင် ဝယ်ယူထားတယ်လို့ သိရပါတယ်။ ညစ်တွန်းကိုတော့ လူမင်း၊ ပြေတီဦး၊ ခိုင်သင်းကြည်တို့နဲ့ အဓိက ပုံဖော်သွားမယ်ဆိုတဲ့အကြောင်းကိုတော့.. .

” ရုပ်ရှင်ဇာတ်ကားအနေနဲ့ ၂ဝ၁၈ မှာ ပထမဦးဆုံး ‘ညစ်တွန်း’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးမှာပါ။ ညစ်တွန်းကတော့ အိန္ဒိယ ဇာတ်ကားကို ပြန်လည်ရိုက်ကူးမှာပါ။ အစ်ကိုကိုယ်တိုင်လည်း ဘောလိဝုဒ်သွားပြီး ဒီဇာတ်လမ်းကို ဝယ်ယူခဲ့တာပါ။ အဓိက ကတော့ လူတွေ အကြောင်းပါပဲ။ ကိုယ်တို့တိုင်းပြည်နဲ့လည်း ကိုက်တယ်လေ။ အလုံးက ညစ်နေကြ တာပါပဲ။ ရှိသမျှ အရာအားလုံးကို တွန်းထုတ်ရင် လောကကြီးတစ်ခုလုံး ညစ်သွား မယ်ဆိုတဲ့ သဘောလေးပေါ့။ ဒါကို အစ်ကိုက လောကကြီးမှာ ချမ်းသာတဲ့လူက ချမ်းသာတာအလျောက်၊ အဆင်မပြေတဲ့လူက အဆင်မပြေကြတဲ့ အလျောက် ညစ်ပြီး ညစ်တွန်းတွန်းနေကြတဲ့ ပုံစံလေးကိုရိုက်မှာပါ။ သူတို့ကလည်း ဟောလိ ဝုတ်ဒ် ဇာတ်ကားကို မှီငြမ်းပြီးပြန် ရိုက်တယ်။ ဘောလိဝုဒ် ဇာတ်ကားကပိုပြီး အောင်မြင်တယ်။ အစ်ကိုတို့ အနေနဲ့လည်း သူတို့ထက် မညံ့အောင် ရိုက်ရမှာပါ။ ဒုတိယ ခြေလှမ်းအနေနဲ့ကတော့ ‘မိုးနဲ့မြေ’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ပါမယ်” လို့ လူမင်းက ပြောပြပါတယ်။

မန္တလေးမြို့မှာ ကပြဖျော်ဖြေမယ့် လင်္ကာဒီချစ်သူ ပြဇာတ်မှာ လည်း လူမင်းက ဒဿဂီရိနေရာက ပါဝင်သွားဦးမယ်လို့ သိရပါတယ်။ ဒဿဂီရိဇာတ်ရုပ်အတွက်လည်း ရင်ခုန်စိတ်လှုပ်ရှား နေတယ်ဆိုတဲ့ လူမင်းက…

”အစ်ကိုတို့ သက်တမ်းတွေမှာတော့ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူဆိုရင် အားလုံးက ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားကြ တယ်။ အားလုံး ကြိုက်ကြ၊ စွဲလမ်းခဲ့ကြတဲ့ ဝတ္ထုကာင်းတစ်ပုဒ် ပါ။ ဒါကိုလည်း ခေတ်အဆက်ဆက် ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ကြိုးပမ်းခဲ့ကြတယ်။ အခက်အခဲတွေများစွာကြောင့် မလုပ်ဖြစ်ခဲ့ ကြဘူး။ အခုလည်း ပြဇာတ်အသွင်နဲ့ ဖန်တီးတဲ့အချိန်မှာ အစ်ကို့ ကိုလည်း ပါဝင်ဖို့ ကမ်းလှမ်းတဲ့အတွက် ဝမ်းမြောက်ဝမ်းသာပဲ လက်ခံ ဖြစ်ပါတယ်။ ရုပ်ရှင်ကြီး ရိုက်ရရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ စင်ပေါ်မှာ ကပြရတာဟာလည်း အရသာ အသစ်အဆန်းတစ်မျိုးပါပဲ။ အစ်ကို့အတွက်လည်း ပါဝင်ဖို့ အများကြီး ပြင်ဆင်ရမယ်။ အစ်ကို ပါဝင်ရမယ့် ဒဿဂီရိဇာတ်ကောင်အတွက် တိုက်သားကျေအောင် အများ ကြီး လေ့ကျင့်ရမယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here