Special Achievement ကို ရရှိခဲ့တဲ့ Park Bo Gum

0
211

ချစ်စရာကောင်းတဲ့မင်းသားချောလေး Park Bo Gum ဟာ ၂ဝ၁၇ခုနှစ် ရဲ့Tourism Star အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့က ဆိုးလ် Lotte Hotel Emerald Hall မှာ ကျင်းပခဲ့တဲ့ “Korean Tourism Awards” အခမ်းအနားမှာ “Special Achievement” ကို ပေးအပ်ခြင်းခံခဲ့ရပါတယ်။
Korean Tourism Awards ကို ၂ဝ၁ဝ ခုနှစ်ကတည်းက ကျင်းပခဲ့ကာ အခုဆို ၇ နှစ်တိုင်သွားပါပြီ။ မင်းသားဟာ “Reply 1988” ၊ “Moonlight Drawn by Clouds” ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့သူပါ။ ဆုရရှိပြီးနောက် မင်းသားက အခုလို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ”အခုလို ဆုရရှိတဲ့အတွက်တအားကို ဂုဏ်ယူရပါတယ်။ ခုလိုမျိုးချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကိုလည်း တကယ့်ကျေးဇူးတင်ပါတယ်။ ကမ္ဘာအနှံ့က ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” တဲ့။ ဂုဏ်ယူပါတယ် မင်းသား Park Bo Gum ရေ။


LEAVE A REPLY

Please enter your comment!
Please enter your name here