မြန်မာပြည်ဟစ်ဟော့ပ် Underground နဲ့ Main Stream ကို နှိုင်းယှဉ် အကြံပြု ပြောပြခဲ့တဲ့ ကြက်ဖ

0
228

မြန်မာပြည် ဟစ်ဟော့ပ်လောကမှာ အသီးသီးရပ်တည်နေကြတဲ့ Underground နဲ့ Main Stream ရဲ့ ရပ်တည်ပုံ၊ ကွာခြားပုံ အဆင့် ဆင့်တို့ကို ဟစ်ဟော့ပ်အဆိုတော်ကြက်ဖနဲ့ တွေ့ဆုံခိုက် မေးမြန်းထား ခဲ့ခြင်းပါ။ Undergroud Hip Hop ကို ကိုယ်စားပြုတဲ့ ကြက်ဖက. . .

”များသောအားဖြင့် မြင်ကြတာက Underground ဆိုရင် ကြမ်းကြမ်းတမ်းတမ်း သီချင်းတွေဆိုကြမယ်။ ဘဝနဲ့ဆိုင်တဲ့ သီချင်းတွေဆိုကြမယ်။ များသောအားဖြင့် Battle တွေဆို ကြတယ်ပေါ့။ Main Stream ကိုလည်း များသောအားဖြင့် သိကြတာ အချစ်သီချင်းတွေဆိုကြတယ်ပေါ့။ ကျွန်တော်တို့ သေသေချာချာ စစ်စစ်ပေါက်ပေါက် လေ့လာကြည့်မယ်ဆိုရင် Main Stream မှာလည်း ဘဝဆန်တဲ့စာသားတွေရေးကြတာပဲ။ Battle စာသားတွေလည်း Main Stream မှာ ရှိကြတာပဲ။ နည်းတာပဲရှိတာ။ ဒီဘက် Underground မှာလည်း အချစ်သီချင်း တွေရှိကြတာပဲ။ Commercial ဆန် တာတွေလုပ်ကြတာပဲ။ အဲဒီလိုချည်း သက်သက်ကြီးခွဲမထားဘဲနဲ့ ကျွန် တော်တို့ အဲဒီ နှစ်ခုရဲ့ ကြားထဲက ဟာမျိုးတစ်ခုကိုနှစ်ဖက်စလုံးက ဖန်တီးနိုင်ရင်တော့ ပို ကောင်းတာပေါ့။ ကျွန် တော်မြင်တာတစ်ခုက တော့ Main Stream ကို ဘာမှမပြောလိုဘူး။ ကျွန် တော်က Underground Represent ပဲဆိုတော့ Underground ကို နည်းနည်း အကြံပေးချင်တာ။ ကျွန်တော်တို့လုပ်ချင် တာတွေတော့ လုပ်ကြတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်တာကို လိုက်လုပ်မယ့် ကလေးတွေအတွက် နည်းနည်းထည့် တွက်ရမယ်လို့ ကျွန်တော်အကြံပေး ချင်တယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here