သမုဒ္ဒရာများ

0
169

 

သူတို့ရဲ့ ညနေစာထဲ ထိုးကျသွားတဲ့
ရွာဘေးက မန်ကျည်းပင်ကြီးထဲ
ငါတို့ ကျက်စားမှုတွေနည်းသွားခဲ့တယ်။

တုံးလုံးစာအတွက် အသာထား
မတ်တတ်ငတ်ပြတ်နေတဲ့ ဇာတ်လမ်းတွေထဲ
ဘဝတွေ ဖျော်ချပြီး
လက်ခုပ် လက်ဝါး လိုက်တီးနေရ
ဒုက္ခနဲ့ လင်မယားလို ပေါင်းထားတော့
အားလုံးက နေသားတကျ။

ညီလေးရေ
ငါတို့မရခဲ့တဲ့ ငါးတွေက
ငါးသည်တန်းမှာ တဖျပ်ဖျပ် ကူးခပ်နေကြတယ်။

စိတ်မညစ်ပါနဲ့ကွာ
မြေနိမ့်ပိုင်းမှာ လှံသွားတွေ စားကြတာပေါ့။

အိပ်မက်ဆိုတာ ငါတို့အိပ်မှ မက်တဲ့ အိပ်မက်ပဲ
လေချွန်ရင်း အိပ်စက်ကြမယ်လေ
ပျော်ပျော်ပါးပါးပေါ့
ငါတို့မနက်ဖြန်တွေက သေချာပြီးသားပါ။

ညီလေးရေ
တချို့နိုင်ငံတွေမှာလည်း
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့
အငတ်ဘေး ဆိုက်မှုတွေ များနေပြီတဲ့
ဆုတောင်းပေးကြစို့ကွယ်။

ကိုလူညာ


LEAVE A REPLY

Please enter your comment!
Please enter your name here