“မီ” ဖြစ်အောင် တာဝန်ကျေအောင်ကြိုးစားမှာပါ ပိုင်ဖြိုးသု

0
306

သရုပ်ဆောင်ပိုင်ဖြိုးသုက သူ့ရဲ့ Victoria Film Production မှ ဒုတိယ အကြိမ်မြောက် ထုတ်လုပ်ရိုက်ကူးတဲ့ ‘မီ’ရုပ်ရှင်ဇာတ်ကားမှာ ‘မီ’ ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီတို့က အဓိက ပါဝင်သရုပ်ဆောင် သွားကြမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက သူတအားချစ်ရတဲ့ စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ရိုက်ကူးတာဖြစ်တဲ့အတွက် တာဝန်ကျေအောင် ကြိုးစားသွားမှာဖြစ် ကြောင်း ပိုင်ဖြိုးသုက…. ”သု့အတွက် တာဝန်က တအားကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ‘မီ’ ဖြစ်မှရမယ်။ ‘မီ’ ဖြစ်နေမှကို သု တာဝန်ကျေ မှာပေါ့နော်။ အဲဒီအတွက် သု့ ‘မီ’ လိုနေရတယ်။အဲဒီ့အတွက် လည်း အများကြီးကြိုးစားနေရပါတယ်။ ‘ မီ ‘ က သု အတွက် ပိုလေးလံတယ်လို့ ခံစားရတယ်။ ဆရာမကြီး ကြည်အေးက သုကိုယ်တိုင် တအားလေးစားပြီး တအားကြိုက်ရတဲ့ စာရေးဆရာမကြီးပေါ့နော်။ ဆရာမကြီးဝတ္ထုတွေကို ၉ တန်းလောက်ကတည်းက စဖတ်ပြီး ကြီးလာခဲ့တာဆိုတော့ သေချာတာတစ်ခု ကတော့ ဘယ်သူမဆို ကိုယ်ချစ်တဲ့အရာတစ်ခုကို ဘယ်သူမှ မဖျက်ဆီးဘူးလေ။ သုလည်း သု တအား ချစ်ရတဲ့ စာရေးဆရာမကြီး ကြည်အေးရဲ့ ဒီဝတ္ထုတွေကို သုတအားကြိုက်တယ်။ တအားမြတ်နိုးတယ်။ အဲဒီ့အတွက် သု ဘယ်တော့မှ အဲဒီဝတ္ထုကို မဖျက်ဆီးပါဘူး သုဘက်က ‘မီ’ ဖြစ်အောင် တာဝန်ကျေအောင် အမြဲကြိုးစားမှာပါ” လို့ ပြောပြ ပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားကို ရုံတင်တဲ့အခါမှ ပရိသတ်တွေ အနေနဲ့ အသိအမှတ်ပြုပေးဖို့ ကို ပိုင်ဖြိုးသုက…

”သုတို့ ဒီ ‘မီ’ Team တစ်ခုလုံး ပေါ့နော် ဒါရိုက်တာကနေစလို့ အက်တာ တွေရော အကုန်ပြီးတော့ ကင်မရာနောက် ကွယ်ကနေ Support လုပ်ပေးတဲ့ သူအကုန် လုံးက တအားကို အစွမ်းကုန်ကြိုးစားကြပါ တယ်။ အဲဒါကြောင့်သုတို့ ကြိုးစားမှုကို ရုံတင်တဲ့အခါမှာ ပရိသတ်တွေအနေနဲ့ အသိအမှတ်ပြုပေးပါလို့ သု ပြောချင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် 


LEAVE A REPLY

Please enter your comment!
Please enter your name here