လွတ်လပ်စွာရောင်းချခွင့်ရရင် ဗီဒီယိုတစ်ကားကို ကျပ် ၅ဝဝထက်မပိုတဲ့ ဈေးနဲ့ရောင်းချလို့ရကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် ပြောကြား

0
194

ဖြန့်ချိရေးလုပ်ငန်းလိုင်စင်ကိစ္စ၊ ရက်ချိတ်စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရန်နှင့် ရက်ချိတ်တည်နေရာ ပြောင်းလဲခြင်းကိစ္စနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ အစည်းအ ဝေးခန်းမမှာပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို ဒါရိုက်တာကြည်ဖြူ သျှင်လည်း တက်ရောက်ခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ ဖြန်ချိရေးလုပ်ငန်း လိုင်စင်ကိစ္စကိုအဓိကထားပြီး လာ ရောက်ဆွေးနွေးခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။

”အစ်မတို့ဆီမှာက ဗီဒီယိုဇာတ် ကားကို ရောင်းချဖို့အတွက် လွတ် လပ်စွာရောင်းချခွင့်မရှိဘူး။ လိုင်စင် လုပ်ရတယ်။ အစ်မတို့ဖြစ်စေချင် တာက ဂျာနယ်ရောင်းသလိုမျိုး ဗီဒီ ယိုဇာတ်ကားတွေကိုလည်း လွတ်လွတ် လပ်လပ်ရောင်းစေချင်တယ်။ ကုန်စုံ ဆိုင်မှာပဲဖြစ်ဖြစ်၊ ကွမ်းယာဆိုင်မှာပဲ ဖြစ်ဖြစ်၊ ရောင်းစေချင်တယ်။ အဲဒီလို မျိုးရောင်းရတဲ့ မြေုနအ ကျယ်ပြန့် သွားပြီဆိုရင် ဗီဒီယိုဇာတ်ကားတွေရဲ့ ဈေးနှုန်းကလည်းကျသွားမှာပဲ။ ပရီ တစ်ချပ်ကို ထောင်ကျော်နဲ့ အရင်က ရောင်းချတယ်။ လွတ်လွတ်လပ်လပ် သာရောင်းချရမယ်ဆိုရင် အစ်မတို့ သည် ဇာတ်ကားတစ်ကားကို ကျပ် ၅ဝဝ နဲ့ လည်းရောင်းနိုင်တယ်။ ဒါက ဝယ်သူ ဆီအရောက်ဈေးပေါ့။ တကယ် လို့ တစ်ဆင့်ပေးရမယ်ဆိုရင် ကြား ထဲက ဒီရောင်းချတဲ့သူတွေ တစ်ရာ အမြတ်စားတာတောင်မှ ၄ဝဝ ကျပ်နဲ့ ပေးလို့ရ တယ်။ အဲဒီတော့ ကြည့်ရတဲ့ ပရိသတ်တွေအတွက်လည်း ဈေး သက်သက်သာသာနဲ့ ဇာတ်ကားတွေ ကိုကြည့်ရမယ်။ လွတ်လပ်စွာ ရောင်းချခွင့်ရခြင်းအားဖြင့် ပြည်သူ တွေကလည်း လွတ်လပ်စွာအခွေဝယ် ခွင့်ရသလိုမျိုး အခြေခံလူတန်းစားတွေ အတွက်လည်း အရင်းအနှီးနည်းနည်း လေးနဲ့ လုပ်လို့ရလာလိမ့်မယ်။ ထုတ် လုပ်သူတွေအတွက်လည်း အကျိုးရှိ မယ်၊ ဖြန့်ရောင်းသမားတွေအတွက် လည်း အကျိုးရှိမယ်၊ ပြည်သူအတွက် အကျိုးရှိမယ်။ အဲဒီ့စနစ်ကို အကောင်ထည်ဖော်ဖို့အတွက်အစ်မ တို့ ဆွေးနွေးကြတယ်”လို့ ဒါရိုက် တာ ကြည်ဖြူသျှင်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here