အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် နှစ်၁ဝဝပြည့်မွေးနေ့မှာ ဖျော်ဖြေပွဲကြီးတစ်ခု လုပ်ဖို့အစီအစဉ်ရှိတဲ့ ရွှေမန်းမိသားစု

0
311

သစွာမေတ္တာ ရွှေမန်းသဘင် မိ သားစုမှ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ရဲ့ ၉၉ နှစ်ပြည့် မွေး နေ့အထိမ်းအမှတ်အဖြစ် သဘင် လူမှုကူ ညီစောင့် ရှောက်ရေးကော် မတီ အ တွက် အလှူငွေကျပ် ၅သိန်း ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် အ တွက်လိုအပ်သော ထူထောင်ရေး လုပ်ငန်းများအား မြန်မာနိုင်ငံ သ ဘင်ပညာရှင်များ အစည်းအရုံးမှ တစ်ဆင့် လှူဒါန်းပေးနိုင်ရန် အလှူ ငွေကျပ်သိန်း ၃ဝ တိတိကို ဒီဇင်ဘာ လ ၁၉ ရက်နေ့က လှူဒါန်းရာ မြန် မာနိုင်ငံ သဘင်ပညာရှင်များအစည်း အရုံး (ဗဟို) သဘင်မှအတွင်းရေးမှူး ဦးမိုး ဝင်းနဲ့ ပြန်ကြားရေးမှူး မပတ္တမြား ကေခိုင်၊ သဘင်လူမှု ကူညီစောင့် ရှောက်ရေး ကော်မတီ နာယကကြီး ဦးချမ်းသာတို့မှ လက်ခံရယူခဲ့ကြပါတယ်။

လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ရွှေမန်းဦးတင်မောင်ရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ဦးညွန့်ဝင်းက ”တအားဝမ်းသာတယ်။ ဆန္ဒ တစ်ခု ကို ဖြည့်ဆည်းလိုက်နိုင်တဲ့ အတွက် ရင်ထဲမှာ ပြောမပြတတ် လောက် အောင်ကို ဝမ်းသာတယ်။ ကျွန်တော် က ဖေဖေ့သား ဖြစ်ရတာ တအား ဂုဏ်ယူတယ်။ ဖေဖေကလည်း အနု ပညာမှာ အင်မတန်ပြောင် မြောက် တဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ကိုယ်ကလည်း ဖေဖေ့ သားဆိုတော့ ကိုယ်နဲ့ ပတ် သက်တဲ့ အနုပညာဖြစ်တဲ့ ရုပ်ရှင် ကိုထူး ချွန်အောင် ကြိုးစား ရတာ ပေါ့။ ဖေဖေ့ကို ဦးထိပ်တင်ပြီးတော့ ကြိုးစားတော့အောင်မြင်တာတွေ လည်းရှိတာပေါ့”လို့ ပြောပြပါတယ်။

အလင်္ကာကျော်စွာ ရွှေမန်းဦး တင်မောင်ရဲ့ မွေးနေ့ရက်ကတော့ ဒီ ဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ်မှာတော့ အလင်္ကာကျော် စွာ ရွှေမန်းဦးတင်မောင်က နှစ် ၁ဝဝ ပြည့်မှာဖြစ်ပြီး အဲဒီ့နှစ်မှာတော့ နှစ် ၁ဝဝပြည့် အမှတ်တရအနေနဲ့ ဖျော် ဖြေပွဲကြီး တစ်ပွဲ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း ရွှေမန်းမိသားစုထံ မှ သိရပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here