ဗီဒီယိုဇာတ်ကားတွေ ထက် ဇာတ်လမ်းတွဲ ပို ရို က် ကူး ချ င် တ ယ် မေဘရဏီသော်

0
216

အခုလတ်တလောမှာ Miss Universe 2015 မေဘရဏီသော်က သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်လာ တာကိုတွေ့ရပါတယ်။ သူ့ရဲ့ပထမဦးဆုံး ဇာတ်လမ်းတွဲအဖြစ် သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့အတူ  “ပန်းနှစ်ပွင့် စီးချင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြောင်းလည်း သိရပါတယ်။ အဆိုပါဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတော့ မေဘရဏီသော်က….

“ညီမ ပန်းနှစ်ပွင့်စီးချင်း ဇာတ်လမ်းတွဲမှာ ရှေ့နေမလေးမေခတ်နာ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရှေ့နေမလေးတစ်ယောက်ရဲ့ ကာရိုက်တာက ကြည့်ရင်လွယ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ တအားခက်တယ်။ အဲဒီကာရိုက်တာကို သရုပ်ဆောင်တော့မှပဲ ရှေ့နေတွေကို ပိုလေးစားလာတယ်။ ညီမသရုပ်ဆောင်ထားတဲ့ နေရာမှာ လည်း အစိမ်းသက်သက်ကြီး ဖြစ်နေတယ်။ ဒီဇာတ်လမ်းတွဲ ဘက်ကလည်း ညီမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲဆိုတော့ ကြောက်တာတော့ရှိတယ်။ ဒါပေမဲ့ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်”လို့ ပြောပါတယ်။

မေဘရဏီသော်က ဇာတ်လမ်း တွဲတွေ ကမ်းလှမ်းလာရင် လက်ခံသွားဖို့ ရှိပေမယ့် ဇာတ်လမ်းရွေးချယ်မှုတွေ ပြုလုပ်ဖို့ရှိကြောင်းကိုတော့…

” ညီမအနေနဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေ ကမ်းလှမ်းလာတာမျိုးရှိရင် လက်ခံဖြစ်မှာပါ။ ဒါပေမဲ့ ဇာတ်လမ်း ကိုတော့ သေချာကြည့်ချင်တယ်။ ဒါက ညီမဇာတ်လမ်းရွေးချယ်တာတော့ မဟုတ်ဘူး။ ကိုယ်မလုပ်နိုင်မှာ စိုးလို့ပါ။ သရုပ်ဆောင်အနေနဲ့ ဘယ်အခန်းဆို ရိုက်ကူးသင့်တယ် ဆိုတာကို သိပေမယ့် ညီမက သရုပ်ဆောင် အသစ်ဖြစ်တဲ့အတွက် ကိုယ်မလုပ်နိုင်ဘူးဆိုရင် တခြားလူတွေအတွက် အဆင်မပြေဖြစ်မှာစိုးရိမ်တယ်။ ကိုယ်ပိုင်နိုင်တဲ့ဇာတ်လမ်းကို အရင်ရိုက်ကူးပြီးမှ နောက်ပိုင်း အသစ်အဆန်းလေးတွေကို ထပ်ရိုက်ကူးဖို့ ရှိပါတယ်။ ညီမရိုက်ကူးချင်တာ ဗီဒီယိုဇာတ်ကားတွေထက် ဇာတ်လမ်းတွဲကို ပိုရိုက်ကူးချင်တယ်”လို့ မေဘရဏီသော် က ဆိုပါတယ်။

 ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here