ဗီဒီယို ဇာတ်ကားတွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုလိုက်ရင် မင်းသား၊ မင်းသမီးအသစ်တွေ အများကြီး ထွက်ပေါ်လာနိုင်ကြောင်း ဒါရိုက်တာ ကိုပေါက်ပြော

0
188

ဖြန့်ချိရေး လိုင်စင်ကိစ္စ၊ ရက်ချိတ်စည်းမျဉ်း စည်းကမ်းများ ပြင်ဆင်ဖို့  နဲ့ ရက်ချိတ်တည်နေရာ ပြောင်းလဲခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၁ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အစည်းအဝေးခန်းမမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားများကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးဖို့နဲ့ပတ်သက်တဲ့ အချက်ကို စိတ်ဝင်စားတဲ့အတွက် အဆိုပါ အစည်းအဝေးကိုလာပြီး တက်ရောက်ခြင်းဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။ဖန့်ချိရေး လိုင်စင်ကိစ္စ၊ ရက်ချိတ်စည်းမျဉ်း စည်းကမ်းများ ပြင်ဆင်ဖို့  နဲ့ ရက်ချိတ်တည်နေရာ ပြောင်းလဲခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၁ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အစည်းအဝေးခန်းမမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားများကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးဖို့နဲ့ပတ်သက်တဲ့ အချက်ကို စိတ်ဝင်စားတဲ့အတွက် အဆိုပါ အစည်းအဝေးကိုလာပြီး တက်ရောက်ခြင်းဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

”ဇာတ်ကားတွေ ဖြန့်ချိတဲ့အချိန်မှာ လိုင်စင်မလုပ်ဘဲနဲ့ လွတ်လပ်စွာနဲ့ ထိန်းချုပ်ထားခြင်း မရှိဘဲနဲ့ လွတ်လပ်စွာရောင်းဝယ်ခွင့်ပေးမယ့် အစီအစဉ်ကို စိတ်ဝင်စားလို့ ဒီအစည်းအဝေးကို တက်ရောက်တာပါ။ ဒါကိုလည်း ရုပ်ရှင်အစည်းအရုံးကနေ အမြန်ဆုံးလုပ်မယ်လို့ ကြားတဲ့အတွက် ကျွန်တော်ဝမ်းသာ တယ်။ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတဲ့ကိစ္စမှာ မင်းသားမင်းသမီး အသစ်တွေထပ်ပေါ်ဖို့ အခွင့်အရေး တအား များတယ်။ အရင်တုန်းကဆိုရင် ဃသာစညေပ တစ်ခုထောင်ရမယ်။ ထောင်ပြီးတော့ ဖြန့်ချိရေးကိစ္စတွေလုပ်ရမယ်။ ဖြန့်ချိရေး ကိုယ်စားလှယ်တွေနဲ့ ချိတ်ရမယ်။ ရောင်းရမယ်။ ၃၅ လမ်းနဲ့ ၃၆ လမ်းဘက်မှာဆိုရင် ရုံးခန်းငှားခရှိမယ်။ ရင်းနှီးမြှုပ်နှံမှုရှိမယ်။ အဲဒီ့လူက အနည်းဆုံး ကျပ် သိန်း ၅ဝဝ လောက်မရှိဘဲနဲ့ လုပ်လို့မရဘူး။ သရုပ်ဆောင်တစ်ယောက် သူ့မှာ ဇာတ်ကားကောင်းကောင်းလည်းရှိမယ်။ ရိုက်ကူးပေးမယ့် ဒါရိုက်တာ ကောင်းကောင်းလည်းရှိမယ်။ ဗီဒီယို ဇာတ်ကားတစ်ကားကို သူတို့ပိုက်ဆံနဲ့ သူတို့ထုတ်ရိုက်ကူးမယ်၊ အချိန်များများပေးနိုင်မယ်ဆိုရင် ဃသာစညေပ ထောင်စရာ မလိုဘဲနဲ့ မင်းသား မင်းသမီးဖြစ်ရမယ့် အခွင့်အရေးတွေလည်း ပိုရလာနိုင်တာပေါ့။  အဲဒီအတွက် သရုပ်ဆောင်အသစ်တွေ လည်း ထပ်ပေါ်လာမယ်ပေါ့။  ဒါကြောင့် ကျွန်တော့်အနေနဲ့ လွတ်လပ်စွာရောင်းဝယ်ခွင့်ကို ထောက်ခံပါတယ်” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပြပါတယ်။

လင်းအက္ခရာ 


LEAVE A REPLY

Please enter your comment!
Please enter your name here