အောင်ပါစေ သီချင်းနှင့် မသင့်တော်သည့် ကပြမှုအပေါ် ရွှေမန်းမိသားစုအနေဖြင့် အလွန်စိတ်မကောင်း ဖြစ်ရပါကြောင်း ဦးချမ်းသာပြော

0
285

ဖေ့စ်ဘုတ်ခ်ပေါ်မှာ အောင်ပါ စေ သီချင်းနဲ့ မိန်းကလေးတစ်ယောက်က သရုပ်ဖော် ကပြတင်ဆက်မှုမှာ မြန်မာဂန္ထဝင်သီချင်းကြီးနဲ့ မသင့်တော်တာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလို ကပြတင်ဆက်မှု အပေါ်မှာလည်း ပရိသတ်တွေအားလုံးက ဝေဖန်ခဲ့ကြသလို ရွှေမန်း မိသားစုကလည်း အဆိုပါတင်ဆက်မှုအပေါ် ဝမ်းနည်းမှုဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရွှေမန်းသဘင် မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးချမ်းသာက …

”ခေတ်လူငယ်တွေဆိုတာ ထိန်းရမှာတို့ ဂါရဝထားရမှာတို့ဆိုတာ သူတို့ ပင်ကိုဦးနှောက်နဲ့ မပြီးပါဘူး။ ဘေးနားမှာ စောင့်ရှောက်ကြ မယ့် မိဘဆရာသမားတွေ လူကြီးသူမတွေရဲ့ သတိပေးမှုလည်း လိုအပ်ပါတယ်။ ဒီသီချင်းက ဘာသီချင်းလဲဆိုတာ တန်ဖိုးထားပြီး မလုပ် သင့်ဘူး။ မတင်သင့်ဘူးဆိုတာမျိုးပြောမယ့်လူ မရှိရှာလို့နဲ့ တူပါတယ်။ တကယ်တော့ မိသားစုကြီး တစ်ခုအနေနဲ့တော့ အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။ အလင်္ကာကျော်စွာကြီးရဲ့ ဂန္ထဝင်သီချင်းကြီးဟာ မြန်မာရဲ့ ဂန္ထဝင်ဂီတပုံရိပ်ကြီးဖြစ်သလို ကမ္ဘာအသီးသီးမှာ ရောက်ရှိနေတဲ့ မြန်မာအသီးသီးရဲ့ မြတ်နိုးတန်ဖိုးထားပြီး အလေးအမြတ်ပြုတဲ့ အောင်ပါစေသီချင်းဖြစ်ပါတယ်။ အဲဒီ့ အောင်ပါစေ သီချင်းကိုသာမန်လောက်ကလေး ကရုံလောက်လေး မဟုတ်ဘဲနဲ့ မိန်းကလေးရဲ့ ကာယိနြေ္ဒ၊ ဟီရိသြတ္တပ္ပတရား ဒါလေးတွေ အားလုံးပဲ့ဆင်းသွားအောင် ပြလိုက်တဲ့ ပြယုဂ်က ရွှေမန်းမိသားတစ်စုလုံးတင်မက မြန်မာကိုချစ်တဲ့ မြန်မာတွေအားလုံး ခံစားရပါတယ်။ တကယ်တော့ အဲဒီ့ကလေးမရဲ့ အကက အောင်ပါစေသီချင်းကို အဓိက မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ပွဲကြိုက်တဲ့မောင်နဲ့ ကတဲ့အခါမှာ တင်တဲ့သူက အဲဒါကို အောင်ပါစေ သီချင်း Mix လုပ်ပြီးတော့ တင်လိုက်တဲ့ အတွက်ကြောင့် သူက အောင်ပါစေသီချင်းနဲ့ တက်ကသလို ဖြစ်သွားတယ်ပေါ့။ ဒါဟာ မသင့် တော်ဘူး။ ဒီလိုပုံစံမျိုးနဲ့ မတင်ရဘူးဆိုတာမျိုးကို တင်တဲ့သူကိုယ်တိုင်က အရည်အသွေးက မပြည့်ရှာလို့ ဖြစ်ပါလိမ့်မယ်။ ဒါတွေအားလုံးဟာ ဂန္ထဝင်ကြီးတွေကို ငါတို့စော်ကားသလို ဖြစ်သွားပါလား။ သမိုင်းကြောင်း တစ်ခုကို ငါတို့ ဖျက်ဆီးသလို ဖြစ်သွားတာပါလားဆိုတာက လူငယ်တွေဆိုတဲ့ အတိုင်းအတာနဲ့ ခွင့်လွှတ် ဖို့ရာကလည်း စိတ်လွတ်လက်လွတ် များ လွန်းအားကြီးတယ်။ ဂန္ထဝင်ကို ဂန္ထဝင်အတိုင်း ကပြနိုင်ဖို့ အတွက် တော့ ကြိုးစားချင်ပါတယ်။ ကမ္ဘာသိ မြန်မာသိတဲ့ သီချင်းကို ရက်ရက် စက်စက်တင်တဲ့သူက တင်လိုက်တော့ ကောင်မလေးလည်း ထိခိုက်တယ်၊ ကာယကံရှင်တွေဖြစ်တဲ့ ဦးတို့လည်း ထိခိုက်ပါတယ်” လို့ ပြောပါတယ်။ ဦးချမ်းသာက အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ သားအငယ်ဆုံးဖြစ်ပြီး သဘင်သက်တမ်း နှစ် ၄ဝ ပြည့်ပြီဖြစ်တဲ့ သဘင်မင်းသားကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here