၂ဝ၁၈ ခုနှစ်ထဲမှာ ဒါရိုက်တာအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထပ်မံရိုက်ကူးသွားဦးမယ့် မင်းဦး

0
206

အကယ်ဒမီမင်းဦးက ‘ချူဆီ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို  ဒါရိုက်တာအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့ပြီး ၂ဝ၁၈ ခုနှစ်အတွင်းမှာလည်း ဒါရိုက်တာအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ထပ်မံရိုက်ကူးသွားဖို့ရှိကြောင်း သိရပါတယ်။

“အခု လတ်တလောမှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေ အဆက်မပြတ် ရိုက်ကူးနေရတယ်။ နောက် ဇာတ်လမ်းတွဲလေးတွေလည်း လက်ခံရိုက်ကူးဖြစ်နေတယ်။ အစ်ကို ကိုယ်တိုင်လည်း ၂ဝ၁၈ ခုနှစ်ထဲမှာ ဒါရိုက်တာအနေနဲ့ ရိုက်ကူးဖို့ရှိပါတယ်။ ဇာတ်ကားအကြောင်းအရာကတော့ ကြိုပြောလို့ မရသေးပါဘူး။အခု လောလောဆယ်ကတော့ တစ်ကားပါပဲ။ ဆက်လတ်ရိုက်ကူးဖြစ်မယ်ဆိုလို့ရှိရင်လည်း အာလုံးကို အသိပေးသွားမှာပါ” လို့ မင်းဦးက ပြောပြပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင်အလုပ်အပြင် ဒါရိုက်တာအလုပ်ကိုပါ တွဲဖက်လုပ် ကိုင်လာတာကို တွေ့မြင်နေရတဲ့အတွက် နောက်ပိုင်းမှာ ဘယ်အလုပ်ကို ပိုပြီး လုပ်ဆောင်သွားမလဲ ဆိုတာကိုတော့ မင်းဦးက…

“နှစ်ခုစလုံးကို လုပ်သွားမှာပါ။ဘာလို့လဲဆိုတော့ အစ်ကိုက  ဒါရိုက်တာကတော့ အဓိက မဟုတ်ပါဘူး။ အက်တာကတော့ ကိုယ်ငယ်ငယ်လေးတည်းက လုပ်လာတဲ့ အလုပ်တစ်ခု ဆိုတော့လေ အက်တာကတော့ အဓိကပေါ့နော်။ တချို့ဟာတွေကျတော့ ကိုယ်ကိုယ်တိုင်ဖန်တီးကြည့်ချင် တယ်လေ။ ကိုယ်ကိုယ်တိုင် ဖန်တီးချင်တယ်။ လုပ်ကြည့်ချင်တယ်။ ဒါပေမဲ့ လုပ်ခွင့်မရသေးဘူး။ တစ်ချိန်တော့ လုပ်ခွင့်ရမှာပါ။ အဲဒီဖြစ်အောင်လည်း အစ်ကိုလုပ်နိုင်အောင် အခုချိန်ထဲကစပြီး အစ်ကိုလည်း ကိုယ်တတ်နိုင်သလောက် ကိုယ့်ဘက်က အားလုံးကိုလေ့လာဦးမှာပါ”လို့ ပြောပါတယ်။ ပထမဆုံး ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးမှု ကား ဆက်တွေ အားလုံးပြီးသွားပေမယ့် ဆင်ဆာကိစ္စကတော့ မပြီးသေးကြောင်းသိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here