Noize Game 2 စီးရီးခွေထဲမှာ သီချင်း ၃ပုဒ် ပါဝင်သီဆိုထားတဲ့ ဂျက်စီကာပယ်ရီ

0
269

အစ်မဖြစ်သူ မေဂရေ့(စ်)ပယ်ရီနဲ့ အသက်အား ဖြင့် ၅ နှစ်ကြီး၊ ၅ နှစ်ငယ်ပေမယ့် အနုပညာလမ်း ခရီးမှာ ညီအစ်မ ၂ ယောက် အတူတူလျှောက်လှမ်း ရတာ အားတွေအများကြီးရှိကြောင်း ဂျက်စီကာ ပယ်ရီကပြောပါတယ်။ မေဂရေ့(စ်)ကတော့ သရုပ်ဆောင်၊ မော်ဒယ်လိုင်းဘက်ကိုသွားပေမယ့် ဂျက်စီကာကတော့ ဂီတလိုင်းဘက်ကို သွားနေပါ တယ်။

”ညီမအတွက်တော့ ရှေ့လတွေမှာ ဦးရွှေ ဂျော်ဂျော်နဲ့ MMM စုပေါင်းပြီး ထုတ်ထားတဲ့ Noize Game ထဲမှာ ညီမ ပါဝင်ပါမယ်။Noize Game 2 ပါရှင့်။ Noize Game 1 ကတော့ ၂ဝ၁၇ ခုနှစ် တုန်းက ထွက်လိုက်ပါတယ်ရှင့်။ ပြီး တော့လည်း သီချင်းတွေအသံသွင်းဖို့ အစီအစဉ် ရှိပါတယ်ရှင့်။ ညီမကလည်း ကျောင်း သွားတက်ဖို့ရှိတဲ့အတွက် လှုပ် ရှားမှုတွေကို လုပ်နိုင်သလောက် လုပ် ကိုင်သွားပါမယ်” လို့ ဂျက်စီကာက ပြောပါတယ်။ တစ်ကိုယ်တော် စီးရီး ခွေကို ကျောင်းပြီးမှထုတ်ဖို့ စီစဉ်ထား တဲ့ ဂျက်စီကာကို ကျောင်းက ဘယ် မှာတက်ရောက်မှာလဲဆိုတဲ့ သူမရဲ့ ပညာရေးအကြောင်း မေးတဲ့အခါ မှာတော့ …

”ညီမက High School က လွန်ခဲ့တဲ့ ၄ လက ပြီးသွားပါပြီရှင့်။ တက္ကသိုလ်ဆက်တက်ဖို့အစီအစဉ် ရှိတယ်။ သြစတြေးလျနိုင်ငံ၊ မဲ(လ်) ဘုန်းမှာ တက်မှာ။ University of Melbourne မှာ ပါရှင့်။ မေဂရေ့(စ်) တက်တဲ့ ကျောင်း မှာတက်မှာ” လို့ ဂျက်စီကာက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here