နှင်းဆီ အဖွဲ့သားတွေ နှစ်ရှည်လများ တပေါင်းတစည်းတည်း ဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ် ကျော်ကျော်ဗို

0
217

နှင်းဆီအဖွဲ့သားတစ်ဦးဖြစ်သူကျော်ကျော်ဗိုက နှင်းဆီအဖွဲ့အနေနဲ့ ၂ဝ၁၇ ခုနှစ်မှာ ၁ဝနှစ်ပြည့် သွားပြီ ဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပြီး စိတ်တူကိုယ်တူရှိနေခြင်းအတွက်လည်းများစွာ ဂုဏ်ယူဝမ်းမြောက်မိ တယ်လို့ဆိုပါ တယ်။ နှင်းဆီအဖွဲ့သားတွေအနေနဲ့ တစ်နှစ်မှာ တစ်ခါပရိသတ်တွေကို ဖျော်ဖြေလေ့ရှိပြီး ဒီနှစ် ထဲမှာ ပွဲမလုပ်ဖြစ်သေးတဲ့ အတွက် ဖျော်ဖြေရခြင်းဖြစ်ကြောင်းကိုလည်း ကျော်ကျော်ဗိုက…

”တော်ဝင်မိသားစုက ကျွန်တော်တို့ရင်းနီးနေတာကြာပြီ။ နှင်းဆီပွဲကိုလည်း သူတို့ လုပ်ချင်တယ်။ သူတို့ Grand Ballroom ကြီးလည်း ဖွင့်လှစ်ထားတော့အထိမ်း အမှတ် လုပ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ လည်း ဒီနှစ်အတွင်းမှာ မကဖြစ်သေးတာနဲ့ ကဖြစ်သွားတာပါ။ နှင်းဆီအဖွဲ့ ၁ဝနှစ်ပြည့်သွားတယ် ဆို တာတောင် ဒီနေ့ဦးမျိုးပြောမှ သိတယ်။ ကျွန်တော်တောင် သတိမရဘူး။ ဝမ်းသာပါတယ်။ ဒါကကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် စိတ်တွေသွားတူနေတယ်။ စိတ်တွေသွားတူနေတဲ့အတွက် လည်း ဒီလိုလက်တွဲနိုင်တာလေ။ နှစ်ရှည်လများ တပေါင်းတစည်းတည်းဖြစ်ခဲ့တဲ့အတွက် ဂုဏ် ယူမိပါတယ်” လို့ပြောပါတယ်။

တစ်နှစ်မှာတစ်ခါသာ လူရွှင်တော်အနေနဲ့ ဖျော်ဖြေကြတာ ဖြစ် တဲ့အတွက် ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး ကျော်ကျော်ဗိုက ”ပျက်လုံးတွေ က တော့တိုက်နေတုန်းပါပဲ။ ကျွန်တော်တို့Duration လည်း ကြည့်ရဦးမှာပေါ့။ ၂နာရီ လောက်ကမယ့် အချိန်ထဲမှာ ပျက်လုံး ပြက်မယ့် ခွင်တွေက အများ ကြီးလုပ်လို့မရဘူး။ သူ့Timeline ထဲကိုဝင်အောင်လုပ်ရမှာဆိုတော့ ပိုကောင်းမယ်ထင်တာတွေကို ထည့်ပြီး တော့ သိပ်မကောင်းဘူး ထင်တာ တွေဖြုတ်ရမှာပေါ့။ စဉ်းစားထားတာတွေကတော့ အကြောင်းအရာ ခေါင်းစဉ်တွေအများကြီးရှိပါတယ်။ အခုအခက်အခဲက ဘာလဲဆိုတော့ ကျွန်တော်တို့က မကတာလည်း ကြာပြီ။ တစ်နှစ်လုံး ဆိုတော့ အဲဒါနဲ့ ထိ တွေ့မှု အလွန်နည်းသွားပြီ။ ဒီ့ပြင် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ Industry ထဲမှာပဲ လောကထဲမှာပဲ အလုပ် တွေလုပ် နေကြတော့ ဒီစင်ပေါ်တက်တဲ့ ဖျော်ဖြေမှု တစ်ခုကကျွန်တော်တို့နဲ့တော်တော်အဟကွာနေပြီ။ ပျက်လုံး တွေစဉ်းစားတယ်အကြောင်းအရာတွေစဉ်းစားတယ် ဆိုတဲ့နေရာ မှာလည်း ခေါင်းထဲမှာအလုပ်တွေကတောက်လျှောက်ဖြစ်နေ တော့ မနည်း ပြန်ပြီးအမီလိုက်နေရတဲ့ ပုံစံတော့ဖြစ်တယ်။ ဒါပေမဲ့ အကောင်း ဆုံး ဖြစ်အောင်တော့လုပ်မှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here