အင်္ကျီထုတ်ပြီး စီးပွားရှာတယ်လို့ ပြောကြရင် X-Box ဘယ်လို ဖြေရှင်းမလဲ

0
188

ရဲခေါင်ဖူးလို့ခေါ်တဲ့ ဟစ်ဟော့ပ်အဆိုတော် X-Box ကSalute ဆိုတဲ့ အမှတ်တံဆိပ်နဲ့ X-Box Collaboration အဖြစ် ဦးထုပ်နဲ့ တီရှပ်တို့ကို ဒီဇင် ဘာလ ၂၃ ရက်နေ့ကစတင်ပြီးတော့ တစ်နိုင်ငံလုံးဆီ ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာက သိတဲ့အတိုင်း အဆိုတော်တွေ အင်္ကျီထုတ်ပြီဆိုရင် အားပေး ကြမယ့် ပရိသတ်တွေရှိသလို စီးပွားရှာကြတယ်ဆိုပြီး ဝိုင်းပြောကြမယ့်သူတွေ ကလည်း ဖေ့စ်ဘုတ်ခ်မှာ စောင့်ကြည့်နေကြတာ ဒုနဲ့ဒေးပါ။ ဒီလိုအနေ အထားမျိုးတွေ ရှိတတ်ကြတာမို့ ဒါကို… X-Box ဘယ်လိုဖြေရှင်းမလဲ ဆိုတော့…..

”ဘက်ထရီတောင်မှ အပေါင်းနဲ့ အနုတ်နဲ့ရှိမှ မီးလင်းတာ။ အဲဒီတော့ ဘယ်အရာမဆိုအပေါင်းနဲ့ အနုတ်နဲ့ရှိမှ အောင်မြင်တာ ပေါ့လေ။ အပေါင်းချည်းပဲရှိနေရင်လည်း အဲဒီလူက တိုးတက်မှာမဟုတ် ဘူး။ အနုတ်ချည်းပဲ များနေလို့ရှိရင်လည်း အဲဒီလူက တိုးတက်မှာ မဟုတ်ဘူး။ ပြတ်ကျန်ခဲ့မှာ။ အဲဒီတော့ အပေါင်းနဲ့အနုတ်က ရှိသင့် တယ်။ ကျွန်တော်ကတော့ ဘယ်အရာကိုမဆို လက်ခံပါတယ်။ ပွင့်ပွင့် လင်းလင်းပဲပြောလိုက်တော့မယ်။ ကျွန်တော့်အင်္ကျီက သူဌေးသားတွေ ရွေးချယ်ပြီးတော့ လိုက်ဝတ်ကြတဲ့ တကယ့်အကောင်းစား အင်္ကျီ မဟုတ်ဘူး။ လူတန်းစား မရွေးဝတ်နိုင်တဲ့ အင်္ကျီကိုမှ ကျွန်တော့်ရဲ့ တံဆိပ်ကလေးရယ်၊ ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်နဲ့ ကျွန်တော့် ကြားထဲမှာ ပေါင်းကူးတံတားလေးဖြစ်အောင်လို့ ထုတ်တာ။ အများ ကြီးထုတ်တာလည်း မဟုတ်ပါဘူး။ စီးပွားရေးတအားဆန်တာကြီး ကျွန်တော်မလုပ်ထားဘူး။ ကျွန်တော်သီချင်းအသစ်မထုတ်နိုင်သေး တဲ့အတွက် ကျွန်တော့်ပရိသတ်တွေ ကျွန်တော်နဲ့ကြားမှာ ရင်းနှီးမှု ရှိစေချင်တယ်။ ဒီလောက်ပါပဲ။ ကျွန်တော့် ပရိသတ်မဟုတ်တဲ့ လူတချို့ ကတော့ ဒါကစီးပွားရေးလုပ်တာ၊ ခွင်ရှာတာ။ ပရိသတ်ကို ပိုက်ဆံနဲ့ပိုင်းဖြတ် တာလို့ ထင်ကြမှာပဲ။ ဒါကတော့ လူတစ်မျိုး စိတ်တစ်ဖုံပေါ့ဗျာ။ ကျွန်တော် ကတော့ အဲဒါနဲ့ ပတ်သက်လို့ ဘာမှပြောပိုင်ခွင့်လည်းမရှိပါဘူး” လို့ သူက ပြောပြပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here