ပရိသတ်ကို သီချင်းအမ်တီဗီတစ်ပုဒ် မွေးနေ့လက်ဆောင်ပြန်ပေးခဲ့တဲ့ Oasix

0
210

ဟစ်ဟော့ပ်အဆိုတော် Oasix က သူ့ရဲ့ အသက် ၂၅ နှစ်ပြည့်မွေးနေ့အဖြစ် ‘မလာနဲ့’ဆိုတဲ့ သီချင်းအမ်တီဗီကို ပရိသတ်တွေအတွက် အွန်လိုင်းကနေ မွေးနေ့ လက်ဆောင်ပေးလိုက်ပါတယ်။ အဆိုတောJewel နဲ့ တွဲဖက်သီဆိုထားတဲ့ ‘မလာနဲ့’ သီချင်းနဲ့ပတ်သက်ပြီး Audio Version ကို ပိုကြိုက်တယ်လို့ ပရိသတ်တွေက ပြောကြတယ်နော်လို့ဆိုတော့….

”အစက မွေးနေ့မှာတင်မလို့ပါ။ ဒါပေမဲ့ မွေးနေ့မှာတင် လိုက်ရင် ကျွန်တော့်Time Line မှာ Birthday Wish တွေနဲ့ ရှုပ်နေမှာစိုးတဲ့အတွက် မွေးနေ့မတိုင်ခင် ညမှာ တင်ဖြစ်သွား တာပါ။ သီချင်းမထွက်တာကလည်း နည်းနည်းကြာနေပြီ။ စီးရီးခွေထဲက တချို့ဟာတွေက ပြီးနေပြီ။ ဒီအမ်တီဗီတစ်ခု တော့ ရိုက်ကူးလိုက်မယ်။ Audio တုန်းကလည်း အကြမ်းနဲ့ဖြန့် ထားတာဖြစ်တဲ့အတွက် ပြန်တီးတယ်။Music က ကိုဇေပေါ့။ ကျွန်တော်ရယ်၊ မဂျူဝယ်ရယ် ၂ ယောက် ပြန်လုပ်ထားတာပါ” လို့ Oasix က ပြောပါတယ်။ အသက် ၂၅ နှစ်ဆိုတာ လူလတ် ပိုင်းအရွယ်ကို ရောက်ရှိသွားပြီပေါ့လို့ ဥျေငထ ကိုပြောတော့ အသက်တော်တော်ကြီးသွားပြီလို့ သူကမှတ်ချက်ပေးပါတယ်။ သူဘာတွေပြောင်းလဲသွားသလဲဆိုတာကိုတော့…

”သီချင်းလုပ်တာနဲ့အတူ တခြားပတ်သက်မှုအပိုင်းတွေမှာ လည်း နည်းနည်းတော့ လူကြီးဆန်ရမှာပေါ့။ အရင်တုန်းက တစ်ခုခု ဆိုရင် ဆဲမယ်၊ ဆိုမယ်ဘာညာတွေက သိပ်မရှိတော့ဘူး။ အွန်လိုင်း ပေါ်မှာလည်း အရင်တုန်းက ကိုယ့်ကိုပြောရင် သိပ်မကြိုက်ဘူး။ အခု နောက်ပိုင်းကတော့ ကိုယ့်ကိုပြောလည်း ပြောတာကတော့ ပြောမှာပဲ လေ။ သူများတွေလည်းပြောနေကြတာပဲ။ ပြီးရင်ပြီးသွားတာပေါ့။ အဲဒီလိုမျိုးအပိုင်းတွေမှာတော့ သိပ်ပြီးတော့ ဖီးလ်မရှိတော့ပါဘူး” လို့ဆိုပါတယ်။ ‘၁၉၉၂’ စီးရီးခွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် Oasix က ..”သေချာတာတစ်ခုကတော့ ၂ဝ၁၈ နှစ်လ ပိုင်းလကုန်လောက်ဖြစ်မယ်ထင်တယ်” လို့Oasix က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here