လူ နှင့် စာအုပ်စာပေ

0
319

တိုးတက်ခေတ်မီနေပါသည်ဆိုသော ယနေ့အင်တာနက် ခေတ်ကြီး တွင် ကျရှုံးမှုများဖြင့် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ကြုံတွေ့နေရသည့် အရာမှာ စာအုပ်များသာဖြစ်ပါ သည်။ တစ်လတစ်လ ရပ်နားသွား သည့် မဂ္ဂဇင်းတွေ။ ဂျာနယ်၊ သတင်း စာတွေ။ အမှန်စင်စစ် စာအုပ်ထုတ် ဝေသူတို့၏ ရောင်းလိုအားမှာ အ နည်းငယ်မျှ သာဖြစ်သော်လည်း၊ ထို ရောင်းလိုအား အနည်းငယ်မျှကိုပင် ဝယ်လိုအားက အမီမလိုက်နိုင်တော့ ခြင်းကြောင့်သာဖြစ်ပါသည်။ နိုင်ငံ သားအများစုမှာ နည်းပညာမှိုင်းမိနေ ကြပေပြီ။ ဆင်းရဲသူ၊ ချမ်းသာသူ မရွေး စာဖတ်ရခြင်းထက် ဖုန်းပွတ် ၍ အင်တာနက်အသုံးပြုရခြင်းကို သာ ပိုမိုနှစ်ခြိုက် သဘောခွေ့နေ ကြသည်။ သတင်းစာတစ်စောင် ၂ဝဝ/၂၅ဝကျပ်၊ ဂျာနယ်တစ်စောင် ၅ဝဝ/၆ဝဝကျပ်ကို ဝယ်ဖတ်ရမှာ နှမြော ကြသည်။ တစ်နေ့ဖုန်းဘေလ် ၁ဝဝဝ/၂ဝဝဝကျပ်ကိုတော့ ဆင်းရဲသူ များပင် မမှုကြဘဲ ပျော်ပျော်ကြီး သုံးစွဲနေကြ၏။ မဂ္ဂဇင်းတစ်အုပ် ၁၅ဝဝ/၂ဝဝဝကျပ်ကို ဈေးကြီးသည် ဟု ထင်သည်။ အင်တာနက် အသုံးပြု ခြင်းဖြင့် စက္ကန့်နှင့်အမျှ ကုန်ဆုံး ပျောက်ကွယ်သွားသော ငွေကြေးများ ကိုတော့ မည်သူကမျှ အရေးတယူ သတိမပြုမိကြ။ နိုင်ငံတစ်ဝန်းတွင် စာအုပ် အငှားဆိုင်လေးများလည်းလုံး ပါးပါးသွားခဲ့ရရှာပေပြီ။ နိုင်ငံသား အများစု စာမဖတ်ကြတော့ပါ။

လူ သားတစ်ဦးအနေဖြင့် စာဖတ်ရ ကောင်းမှန်းကိုပင် မသိကြသောသူ များပတ်ဝန်းကျင်တိုင်းတွင် များပြား လာသည်။ ဖုန်းပွတ်၍ အင်တာနက် အသုံးပြုရခြင်းကိုပင် ဘဝတစ်ခုဟု ထင်မှတ်နေကြ၏။ ထို့အတွက် ကြောင့်လည်း ပတ်ဝန်းကျင်တိုင်းတွင် လောက၏ အလှတရားများ တစ်စ တစ်စ ဆိတ်သုဉ်းပျောက် ကွယ်လာရ ပေပြီ။ ဘဝသည် စာအုပ်တစ်အုပ် တော့ မဟုတ်ပါ။ သို့သော် စာအုပ် တစ်အုပ်မှ ပေးစွမ်းသော အစွမ်း သတ္တိများကတော့ ဘဝပေါင်းများစွာ ကို တိုးတက်အောင်မြင်ရန်အတွက် ဖန်းဆင်းပေးနိုင်စွမ်း ရှိပါသည်။ ထိုအရာကိုပင် ယနေ့နိုင်ငံသားအများ စုလျစ်လျူရှုနေကြခြင်းကြောင့်၊ နိုင်ငံ တော်ကြီး တိုးတက်သင့်သလောက် မတိုးတက်မဖွံဖြိုးရခြင်း၏အချက် တစ်ချက်လည်းဖြစ်ပေသည်။ မြန်မာ နိုင်ငံသား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် က ‘စာဖတ်သောလူမျိုးတိုင်း တိုး တက်၍၊ တိုးတက်သောလူမျိုးတိုင်း စာဖတ်ကြသည်’ဟု ဆိုခဲ့သည်။ ယနေ့ မြန်မာနိုင်ငံတော်ကြီး မတိုး တက်မဖွံ့ဖြိုးရခြင်း၏အကြောင်းမှာ လည်း ပီပြင်ပြတ်သားစွာ ရှင်းလင်း နေပါပြီ။ ခေတ်အဆက်ဆက် အုပ်စိုး ခဲ့သော အာဏာရှင်များအား လက် ညှိုးထိုးကြပေလိမ့်ဦးမည်။ အမှန် တော့ မိမိတော်နေပါလျက် အ ကြောင်းအမျိုးမျိုးကြောင့် မထင်ပေါ် လျှင်သာရှိချင်ရှိမည်။

မိမိကိုညံ့ဖျင်း သွားအောင်တော့ မည်သူက ဖျက်ဆီး ပစ်၍မရနိုင်ပါ။ ယခုအချိန်သည် လက်ညှိုထိုးနေရမည့်အစား နိုင်ငံ သားတိုင်း လက်မထောင်နိုင်ဖို့ လို လာပါပြီ။ ဘဝတစ်ခု လက်မထောင် နိုင်ရန်အတွက် ဥာဏ်ပညာရှိဖို့လို ပါသည်။ ၄င်းဥာဏ်ပညာအား စာ အုပ်စာပေများက တစ်ဖက်တစ် လမ်းမှနေ၍ ပေးစွမ်းနေသည်မှာ လည်းသေချာလွန်းလှသည်။ စာအုပ် ဆိုသည်မှာအဖြစ်အပျက် အကြောင်း အရာများ၊ အတွေးအခေါ်များကို အ ထင်အရှားရှိနေသည့်ရုပ်ဝထ္ထုပစ္စည်း များဖြင့် စီမံပြုလုပ်ထားခြင်းဖြစ် သည်ဟု ပညာရှင်အချို့က ဖွင့်ဆိုခဲ့ သည်။ စာအုပ်ကို လူတို့တီထွင်ခဲ့ သည်မှာ နှစ်ပေါင်းနှစ်ထောင်ပင် ကျော်လွန်ခဲ့ပြီ။ ယခုအချိန်ထိ စာ အုပ်များ၏ အပြင်ပန်းပုံ သဏ္ဋာန်မှာ ပြောင်းလဲလာခြင်း မရှိသေးပါ။ ထပ် မံတီထွင်တိုးချဲ့ ပြောင်းလဲပစ်ရန်လည်း မလိုသောပစ္စည်းသာ ဖြစ်ပါသည်။ စာအုပ်သည် လူမျိုးတစ်မျိုးတည်းက ဖန်တီးပြု လုပ်ခဲ့သောအရာလည်းမ ဟုတ်ပါ။ လူမျိုးစုံပါဝင်သည့် လူသား အနွယ်အားလုံးတို့၏ ပူးပေါင်းကြံစည် မှုရလဒ်သာ ဖြစ်သည်ဟူ၍ မှတ်သား ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အက္ခရာကို မြေထဲပင်လယ်ဒေသ ဖိုး နီးရှင်း လူမျိုးများက တီထွင်ခဲ့၍၊ စက္ကူ ကိုတရုတ်လူမျိုးတို့က စတင်ပြု လုပ်ခဲ့သည်။ ခဲစာလုံး ပုံနှိပ်စက်ကို ဂျာမန်လူမျိုးတို့က ကမ္ဘာ့အမွေအနှစ် အဖြစ်ထားရစ်ခဲ့ပြီး ၊ ရိုမန်လူမျိုး တို့က လက်ရှိစာအုပ်ပုံစံကို ပေးအပ် ခဲ့သည်။ ပုံနှိပ်အတတ်ပညာကို နည်း ပညာအသစ်များဖြင့် မွမ်းမံပေးခဲ့သူ များမှာ ဗြိတိသျှ အမေရိကန်လူမျိုး တို့ဖြစ်၏။

ထိုစာအုပ်များက သာလျှင် လူတို့အတွက် သမိုင်းအဘိဓာန် မှန် သမျှအား ခေတ်အဆက်ဆက်သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ လူ့သမိုင်းတစ်လျှောက် လူသားတို့၏တီထွင်ကြံဆ လုပ်ဆောင်မှုများ၊ ဆောင်ရန် ရှောင်ရန်နည်းလမ်းများ အတွေးအခေါ် အားလုံးတို့သည် လည်း စာအုပ်များ အထဲတွင်သာကိန်း အောင်းနေပါသည်။ အဆုံးအဆမဲ့ သော ကြေကွဲမှု၊ ကြည်နူးမှု ရသများ ကိုလည်း ထိုစာအုပ်များ ကသာပေး စွမ်းနေပါသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင် နည်းပညာမှိုင်း အောက်ပြားပြားမှောက်နေသူများ များပြားလာခြင်းနှင့်အတူ စာအုပ် စာပေများမျက် နှာငယ်လာရသည်မှာ လည်းမှန်ပါသည်။ သို့သော် စာအုပ်မဲ့ လူ့အဖွဲ့အစည်းတော့ မည်သည့်အခါ မျှ ဖြစ်လာစရာ အကြောင်းလည်း မရှိပါ။ အင်တာနက် သတင်း အချက်အလက် ညစ်ညမ်းမှုများမှာ စက္ကန့်နှင့်အမျှ ဖြစ်ပွားနေပါသည်။ ၄င်း ညစ်ညမ်းမှုများအား စာအုပ် စာပေများကသာ အမြဲတစေ စစ် ထုတ်သန့်စင်ပေးနေပါ၏။ ထို့အ တွက်ကြောင့် စာအုပ်စာပေ၏စစ် မှန်သောတန်ဖိုးကတော့ လုံးဝယုတ် လျော့ပျက်စီးသွားလိမ့်မည်တော့ မဟုတ်ပါ။

စာအုပ်စာပေအပေါ် တန်ဖိုးထား သတ်မှတ်သော လူ့အဖွဲ့ အစည်းအတွင်းမှ လူတို့၏ဘဝများ စွာသာ ခံယူချက်အတိုင်း ကွဲပြားခြား နားသွားရပေလိမ့်မည်။ နိုင်ငံသား တိုင်းတိုးတက်အောင် မြင်နေပါလျက် နှင့်တော့ လက်တစ်ဆုပ်စာ အာဏာ ရူးများ၏ လုပ်ရပ်ဖြင့် ဤနိုင်ငံကြီး မတိုးတက် မဖွံ့ဖြိုးမှု ဖြစ်လာစရာ အ ကြောင်းလည်းမရှိပါ။ နိုင်ငံသား တိုင်း၏အောင်မြင် တိုးတက်မှုကပင် လျှင် နိုင်ငံတော်၏ စစ်မှန်သော အောင်မြင်တိုးတက်မှု ပင်ဖြစ်ပါ၏။ ထိုကဲ့သို့ အောင်မြင်တိုးတက်ရန် အတွက် နိုင်ငံသားတိုင်းဥာဏ်ပညာ မြင့်မားနေရန် လိုပါသည်။ အထက် တွင်ဆိုခဲ့သလိုပင် နိုင်ငံသားတိုင်း၏ဥာဏ်ပညာ မြင့်မားစေရန်အတွက် စာအုပ်စာပေများကသာ တစ်ဖက် တစ်လမ်းမှနေ၍ ဖန်ဆင်းပေးနိုင် ပါပေ၏။ အချုပ်အားဖြင့် ဆိုရလျှင် ‘စာဖတ်ခြင်းသည် လူငယ်တစ် ယောက်၏ ဘဝကို တိုးတက်စေရုံ သာမက၊ ပျက်စီးခြင်းဘေးမှလည်း ကာကွယ်လိုက်နိုင်သည်။ ဒါကြောင့် ဘယ်သူတွေ ဘာပြောနေနေ၊ မင်း ကိုယ် မင်းချစ်ရင် ပညာသင်ပါ။ စာ ဖတ်ပါ။ မိဘကိုချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။ ” ဟူသော ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဦးအောင်သင်း ၏စကား လေးဖြင့်သာ အဆုံးသတ်လိုက်ချင် ပါတော့သည်။ ။

ခက်ဆစ်လင်း ( ပြည်)


LEAVE A REPLY

Please enter your comment!
Please enter your name here