ချစ်စရာကောင်းတဲ့ ပျက်လုံးတွေနဲ့ နှစ်သစ်ကို ကြိုဆို ကပြဖျော်ဖြေသွားမယ့် တော်ဝင်နှစ်သစ် နှင်းဆီအငြိမ့်

0
93

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)အနုပညာ ပုံဖော် ဖန်တီးတင်ဆက်ကပြတဲ့ နှင်းဆီအငြိမ့် အဖွဲ့က ဒီဇင်ဘာလ ၃ဝ ရက်နေ့ Taw Win Garden Hotel မှာ တော်ဝင်နှစ်သစ်နှင်းဆီ အငြိမ့်အမည်နဲ့ကပြဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။ အဆိုပါ အ ကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ က Taw Win Garden Hotel မှာ ရှင်းလင်းပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။ နှင်းဆီအငြိမ့်ရဲ့ လူရွှင်တော်များ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော် ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး နဲ့ နှင်းဆီအငြိမ့်ရဲ့ မင်းသမီ များဖြစ်ကြတဲ့ မိုးပြည်ပြည်မောင်၊ ဖူးစုံ၊ မေကဗျာ၊ မိုးယုစံ စတဲ့ သရုပ်ဆောင်များက ပါဝင်ဖျော်ဖြေသွားမှာဖြစ်ကြောင်း သိရ ပါတယ်။ တော်ဝင်နှစ်သစ်နှင်းဆီ အငြိမ့်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က . . .

”နိုင်ငံရေးနဲ့နွယ်တဲ့ ပျက်လုံးတွေကို တတ် နိုင်သလောက် ရှောင်သွားပြီးတော့ ဖြစ်သင့်တယ် ထင်တာလေးတွေကို အ ကျိုးပြုဖြစ်အောင် ချစ်စရာကောင်းအောင် တင်ပြ သွားမှာပါ။ မသိတဲ့သူတွေလည်း သိသွားအောင်ပေါ့။ အခြားချစ်စရာ ကောင်းတဲ့ ပျက်လုံးလေးတွလည်း ပါဝင်မှာပါ” လို့ ပြောပြခဲ့ ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here