အရင်တစ်ယောက်ထက်ပိုပြီး ချစ်နိုင်မယ့်သူမျိုးကျမှ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သွားမယ့် အိုင်ရင်းဇင်မာမြင့်

0
200

နှစ်တစ်နှစ် ကုန်ဆုံးတော့မယ်ဆိုတာနဲ့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ကိုယ်ဘာတွေ အောင်မြင်ခဲ့လဲ၊ ဘာ တွေ ကျရှုံးခဲ့လဲဆိုတဲ့ သုံးသပ်ချက် တွေနဲ့အတူ လာမယ့်နှစ်အတွက် Plan တွေချလို့ အားအင် အသစ်တွေ မွေးရမှာပါ။

အိုင်းရင်းဇင်မာမြင့် တို့ လို အနုပညာရှင်တွေ က နှစ်တစ်နှစ်အတွက် ပိုလို့တောင် စဉ်းစားတွက် ချက်တွေးခေါ်ရပါဦးမယ်။ ကုန်ဆုံးသွားတော့မယ့် ၂ဝ၁၇ ခုနှစ်က အိုင်းရင်း အတွက် ကံကောင်းစေခဲ့တဲ့နှစ်လား၊ ကံဆိုးစေခဲ့တဲ့နှစ်လား၊ ၂ဝ၁၇ ခုနှစ် အတွက် သုံးသပ်ချက် က ဘယ်လိုရှိသလဲလို့ ဆိုတော့…..

”၂ဝ၁၇ ခုနှစ်ကကျတော့ အိုင်ရင်းအတွက် အကြီး ကြီး ပြောင်းလဲ သွားစေတဲ့ နှစ်တစ်နှစ်ပါ။ အိုင်ရင်းကို တံခါးခေါက်ခံလိုက် ရတယ်လို့ပဲ ပြောရမှာပေါ့။ အိုင်ရင်း အိမ်ထဲမှာရှိတဲ့ ပစ္စည်းတစ်ခုက သူများကို ပေးလိုက်ရတာ မျိုး ရှိတယ်။ ပြီးသွားတဲ့အခါမှာ အိုင်ရင်းကိုယ်တိုင် ကိုယ့်ဘဝကိုယ် အဆိုးတွေနဲ့ မဖြတ်သန်းတော့ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမွန်ဆုံး ရပ်တည်နိုင်ဖို့အတွက် ဆုတောင်း ခြင်းတွေနဲ့ မိဘရဲ့ ဖေးမမှုတွေ၊ မေတ္တာတွေ၊ အိုင်ရင်းကို ချစ်ကြတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မေတ္တာ တွေနဲ့ ပြန်ပြီးတော့ရပ်တည်ခဲ့ တယ်။ အဲဒီတော့ ၂ဝ၁၇ ခုနှစ်မှာ အိုင်ရင်း အတွက် အကြီးမားဆုံးသော ပြောင်း လဲမှုတွေ အများကြီးရင်ဆိုင် ခဲ့ရပါတယ်” လို့ အိုင်ရင်း ဇင်မာမြင့်က က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အချစ်မရှိသေးဘူးလို့ ပြောတဲ့ အိုင်ရင်းကို အချစ်သစ်ရှာတဲ့အခါ ဘယ်လိုလူမျိုး ကို ရွေးချယ်သွားမလဲလို့ မေးတော့ ….

”အချစ်ဆိုတာကတော့နှစ်ဦးနှစ်ဖက် ညီညီမျှမျှပဲ ကောင်းပါတယ် (ရယ်လျက်)။ အိုင်ရင်းကတော့လေ အချစ်ဆိုတဲ့ အရာမှာ ကိုယ်နဲ့ ထပ်တူ ထပ်မျှကျမယ့် လူမျိုးမှပဲ လက်တွဲဖြစ် မယ်ထင်တယ်။ လောလောဆယ်မှာ တော့ အိုင်းရင်းမှာ အချစ်ဆိုတာမရှိတော့ဘူး။ အချိန် ကာလ အနေနဲ့ ဆိုရင်လည်း ၅လလောက်ပဲ ရှိသေး တယ်။ နောက်တစ်ခုက အိုင်းရင်း သူများသားသမီးကို ကိုယ့်ရဲ့ ခံစားချက်လေး သက်သာရုံလောက်နဲ့ အစား မထိုးချင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း အစားထိုးခံရတာကို မကြိုက် ဘူး။ သူများကိုလည်း ကိုယ်အစား မထိုးချင်ဘူး။ အဲဒါကြောင့်မို့လို့ ကိုယ်တကယ်ချစ်တဲ့၊ အရင်ကတစ် ယောက်ထက် ပိုပြီးတော့ ချစ်နိုင်မယ့် သူမျိုးကျမှပဲ အိုင်ရင်းရွေးချယ်မှာပါ။ အစားထိုးရုံသက်သက်၊ ကိုယ်စိတ် သက်သာရုံ သက်သက်အတွက်နဲ့ အိုင်ရင်း ဘယ်သူ့ကိုမှ အသုံးမချပါဘူး” လို့ အိုင်းရင်းဇင်မာမြင့်က ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here