၂ဝ၁၈ မှာ တစ်ကိုယ်တော် စီးရီးထွက်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်မယ့် စည်သူလွင်

0
338

စည်သူလွင်က အခုလတ်တလောမှာတော့ တစ်ကိုယ်တော် စီးရီးခွေကိုထွက်ရှိနိုင်ဖို့ စီစဉ်နေပါပြီ။ ဒီအခွေမှာ    တော့ တစ်ယောက်တည်းသီချင်းတွေအပြင် စုံတွဲသီချင်းတွေပါ ပါဝင်မှာဖြစ်ပါတယ်။ အခွေရဲ့ Title ကိုတော့ သီချင်း ခေါင်းစဉ်တွေထဲကနေပဲ ပေးသွားဖို့စဉ်းစားမှာဖြစ်ကြောင်းလည်း စည်သူလွင်က ပြောပါတယ်။ စည်သူလွင်က အခုလတ်တလောမှာတော့ တစ်ကိုယ်တော် စီးရီးခွေကိုထွက်ရှိနိုင်ဖို့ စီစဉ်နေပါပြီ။ ဒီအခွေမှာ    တော့ တစ်ယောက်တည်း သီချင်းတွေအပြင် စုံတွဲသီချင်းတွေပါ ပါဝင်မှာဖြစ်ပါတယ်။

“သီချင်းတွေကတော့ အချစ်သီချင်းတွေပဲများတယ်။ သီချင်းပုံစံကတော့ ဗခခသကခအငခ ဘက်ကိုသွားတဲ့ဟာက ပိုများ တယ်။ သီချင်းအဟောင်းလေးတွေလည်းပါတယ်။Version ပုံစံပြန်ပြောင်းပြီး ဆိုထားတာလေးတွေပါ။ သီချင်းအသစ် တွေလည်း ပါပါတယ်” လို့ အခွေနဲ့ပတ်သက်ပြီး စည်သူလွင်က ပြောပါတယ်။ စည်သူလွင်ကတစ်ကိုယ်တော်အခွေလည်း စီစဉ်နေသလို ၂ဝ၁၈ ခုနှစ်ထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်းလုပ်ဖို့ စီစဉ်နေပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တော့ မတ်လထဲမှာပြုလုပ်ဖို့ ရည်ရွယ်ထားပြီး တစ်ခြားအဆိုတော်တွေရဲ့ ပွဲတွေနဲ့ မတိုက်အောင်လည်း စီစဉ်မယ်လို့ သူကပြောပါတယ်။

“အဓိက ကတော့ လုပ်မယ့်Date လေးကိုအရင်သတ်မှတ်နိုင်ဖို့ လုပ်နေပါတယ်။ သီချင်းတွေကတော့ ဘယ်လို သီချင်းမျိုးတွေဆိုမလဲဆိုတာ စဉ်းစားထားတာလေးတွေရှိပါတယ်။ အရင်တုန်းကပွဲနဲ့ မတူအောင် ဘယ်လိုပုံစံမျိုး ပြောင်းပြီးတော့ တင်ဆက်မလဲဆိုတာ စဉ်းစားနေပါတယ်။ ကိုယ်ကကိုယ့်ရဲ့ Hit ဖြစ်နေတဲ့ သီချင်းတွေကိုပဲ အမြဲ တမ်းဆိုပြဖြစ်နေတာလေ။ ဒါကြောင့်ဒီသီချင်းတွေပဲ ထပ်ခါထပ်ခါ ဖြစ်နေမှာလည်းစိုးတယ်။ လာကြည့်ကြတဲ့ ပရိသတ်တွေကိုလည်း နောက်အသစ်လေးတွေကို ပုံစံတစ်မျိုးနဲ့ ဖျော်ဖြေပေးဖို့ စဉ်းစားနေတာမျိုးတွေတော့ ရှိတယ်” လို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ စည်သူလွင်က ပြောပါတယ်။ စည်သူလွင်က တစ်ကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့ကတော့ အခုပွဲနဲ့ဆိုရင် ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

လင်းအက္ခရာ 

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here