နှစ်သစ်မှာ အနုပညာအလုပ်ကို ပိုလုပ်ရပြီး မိဘကိုပိုပြီး အလုပ်အကျွေးပြုချင်တဲ့ အလှမယ် အိန်ဂျယ်လမုန်

0
213

Miss International Myanmar ၂ဝ၁၄ အလှမယ် အိန်ဂျယ်လမုန်က အနုပညာလောကထဲကို ရောက်ရှိနေတာ ၃ နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ ဒီ ၃ နှစ်အတွင်းမှာလည်း သူ့အနေနဲ့ အနုပညာအလုပ်များကို စဉ်ဆက်မပြတ် လုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် ဒီ ၃ နှစ်တာအတွင်းမှာ သူလုပ်ဆောင်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုရှိပါတယ်လို့ပြောပါတယ်။ မကြာခင်ရောက်ရှိလာတော့မယ့် ၂ဝ၁၈ နှစ်သစ်ကို လည်း ဘယ်လိုမျှော်လင့်ချက်၊ ရည်မှန်းချက်တွေနဲ့ သူဘယ်လိုဖြတ်သန်းမလဲဆိုတာကို အိန်ဂျယ်လမုန်က…

”၂ဝ၁၈ ခုနှစ်မှာ ညီမ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကား ထွက်ရှိဖို့အတွက် မျှော်လင့်ပါတယ်။ ၂ဝ၁၇ ခုနှစ် နှစ်စလောက်က ရိုက်ကူးထားတာပေါ့နော်။ ကိုယ်ရိုက် ကူးထားတဲ့ ဇာတ်ကားလေးကို ကိုယ်ပြန်ကြည့်ချင်ပြီ။ စိတ်လည်း စိတ်လှုပ်ရှားနေမိပါတယ်။ ဒီဇာတ်ကားလေးတွေက အခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိမယ်ပြောပေ မယ့်လည်း အခက်အခဲတွေကြောင့် ၂ဝ၁၈ ခုနှစ်ထဲ ရောက်သွားတယ်။ ဒါပေမယ့်လည်း ၂ဝ၁၈ ခုနှစ်ထဲမှာ ဘယ်လိုတွေ ဖြစ်မလဲ မသိသေးဘူး။ ကိုယ့်ကိုတော့ ဒီ ၂ဝ၁၈ ခုနှစ်ထဲမှာလို့ ပြန်ပြောပြထားလို့ ၂ဝ၁၈ ခုနှစ်ကို အဲဒီရုပ်ရှင်ဇာတ်ကား ၂ ကားအတွက်ရင်ခုန်တယ်။ ညီမကိုယ်တိုင်ကလည်း ရှေ့နှစ်တွေမှာ မှားခဲ့တာတွေ ကိုယ့်မှာမကောင်းခဲ့တာတွေ အကုန် လုံးကိုလည်း ပြောင်းလဲပစ်ဖို့ရှိပါတယ်။ နှစ်သစ်မှာ ညီမအနုပညာအလုပ်တွေကို ပိုလုပ်ရပြီး ညီမရဲ့ မိဘတွေကို ပိုပြီးလုပ် ကျွေးချင်တယ်။ ကိုယ်ကိုယ့်ကိုယ်လည်း အရင်နှစ်တွေကနဲ့မတူဘဲ အိန်ဂျယ်လမုန် အသစ်အနေနဲ့ ဖြတ်သန်းချင်ပါ တယ်” လို့ပြောပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး သူ့ရဲ့အရည်အချင်းတွေကို ချပြခွင့်ရရှိဖို့အတွက် အခွင့်ရေးကောင်း တွေ ရှိလာဖို့အတွက်ကိုလည်း သူမျှော်လင့်ကြောင်းကို အိန်ဂျယ်လမုန်က… ”ညီမက သရုပ်ဆောင်အလုပ်ကို ကိုယ်တိုင် လည်း ဝါသနာပါခဲ့တာ။ သရုပ်ဆောင်သင်တန်းတွေတော့ မတက်ခဲ့ဖူးဘူးပေါ့နော်။ ဒီထဲကို ရုတ်တရက်ဆိုသလို ဝင်လာခဲ့တယ်။ လိုအပ်ချက်တွေရှိနေမယ်ဆိုတာ သိလျက်နဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကား ကို ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်းတဲ့အတွက် ရိုက်ကူးခွင့်ရခဲ့တယ်။နောက်လည်း အိန်ဂျယ့်ကို ဇာတ်ကားတွေ ခေါ်ရိုက်စေချင်ပါ တယ်။ ကိုယ်ကိုယ်တိုင်က တအားဖြစ်ချင်တယ်။ ကိုယ့်ရဲ့ အရည်အသွေးတွေ အရည်အချင်းတွေကိုပြသချင် ပါတယ်။ဒါပေမဲ့ ကိုယ့်ကိုခေါ် ရိုက်ကူးတဲ့သူက မရှိတော့ ကိုယ့်ရဲ့ အစွမ်းအစတွေကို ပြလို့မရသလို ဖြစ်နေတယ်။ အဲဒီအတွက်ဒီ၂ဝ၁၈ ခုနှစ်မှာ ဇာတ်ကားရိုက်ကူးမှုတွေ ခေါ်ရိုက်ကူးဖို့ မျှော်လင့်ပါတယ်။အနုပညာလုပ်တွေကို အမြဲစိပ်စိပ်မလုပ်နိုင်ပေမယ့် အိန်ဂျယ့်ကို အမှတ်တရရှိပေးကြတဲ့သူတွေ အားပေး ကြတဲ့ သူတွေရှိနေတဲ့အတွက် အိန်ဂျယ်ဝမ်းသာတယ်။ ပျော်ရတယ်ပေါ့နော်” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here