မိန်းမလျာပဲ ဖြစ်ဖြစ် ယောက်ျားလျာ ပဲဖြစ်ဖြစ် အားလုံးက ခံစားမှုရှိတဲ့ လူသားတွေပါ ခင်လှိုင်

0
350

 

သရုပ်ဆောင် ခင်လှိုင်ကတော့ ဟာသဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆာင်နိုင်တဲ့အပြင် အက်ရှင် ဇာတ်ကားတွေနဲ့ပါ ပရိသတ်အားပေးမှု ရရှိလာသူလည်း ဖြစ်ပါတယ်။ သူကတော့ မကြာခင်ရုံတင်ပြသတော့ မယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ‘ဂယ်ဘဲသရဲနှင့် သူငယ်ရွာ’ ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း၊ ရဲလေး၊ ဂျိုကာ၊ သြဘာ၊ ရွှေသမီးစတဲ့သရုပ်ဆောင်များနဲ့ အတူအချစ်ကြီးတဲ့ မိန်းမလျာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မိန်းမလျာတွေ၊ ယောက်ျားလျာတွေ ဆိုတာကလည်း ခံစားမှုရှိတဲ့ လူသားတွေ ပါလို့ပြောလာတဲ့ သရုပ်ဆောင် ခင်လှိုင်က . . .

” ဒီဇာတ်ကား ရိုက်ကူးတုန်းက ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် စလိုက်၊ နောက်လိုက်၊ ရယ်လိုက်မောလိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ ပျော်စရာ ကောင်းခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးတုန်းကဆိုရင် ရဲလေးတို့က ဒီလောကထဲကို ဒုတိယ အကြိမ်ပြန်ဝင်လာခါစပေါ့။ မတွေ့တာလည်း ကြာတော့တစ်ယောက်နဲ့ တစ်ယောက် စလိုက်နောက်လိုက်ပါပဲ။ သရုပ်ဆောင်တွေလည်း အများကြီးဆို တော့အလွန်ပျော်စရာ ကောင်းခဲ့ပါတယ်။ အစ်ကိုက ဒီဇာတ်ကားထဲမှာ မိန်မလျာဇာတ်ရုပ်နဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ အပြင်လောကမှာလည်း မိန်းမလျာပဲဖြစ်ဖြစ်၊ ယောက်ျားလျာ ပဲဖြစ်ဖြစ် ခံစား မူရှိတဲ့လူသားတွေပါ။ သဘာဝကို လွန်ဆန်ပြီးတော့ ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နေရတဲ့သူတွေပါ။ အကြောင်း အမျိုးမျိုးကြောင့် မိန်းမလျာ ဖြစ်သွား ကြတယ် ဆိုပေမယ့် သူတို့မှာလည်း ခံစားတတ်တဲ့ နှလုံးသား တွေ ရှိကြပါ တယ်။ ကျွန်တော်တို့နဲ့ ခင်မင်တဲ့ မိတ် ကပ်ဆရာတွေ ပြောပြတာဆိုရင် အလွန်သနားဖို့ ကောင်တယ်။ မိန်းမလျာဖြစ် တာနဲ့ပဲ မိသားစုအစ်ကိုတွေ၊ အဖေတွေကလည်း အမြင်မကြည်ကြဘူး။ ထိုးကြနှက်ကြတာ တွေရှိတယ်။ အချိန်တန် တော့လည်း မိန်းမလျာမိတ်ကပ်လိမ်းပြီး ရရှိလာတဲ့ ပိုက်ဆံကိုသူတို့ စားကြတာပဲ” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ -ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here