အမေများအဖွဲ့ နဲ့ အမေများ အိမ်ရာတွင် အခက်အခဲ တချို့နဲ့ ရင်ဆိုင်နေရ

0
312

ရုပ်ရှင်လောကမှ အသက် အရွယ်မင်းသမီးကြီး များရဲ့ နားခိုရာ နေရာလေး တစ်ခုဖြစ်တဲ့ အမေများ အိမ်ယာကိုသန်လျင်မြို့နယ်မှာ တည်ဆောက် ထားပါတယ်။ အမေ များအိမ်ယာကိုတော့ ၂ဝဝ၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၂ဝ၁၈ခုနှစ်ဆိုရင် ၁၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ အမေများအိမ်ရာ စတင်တည်ထောင်ခဲ့ သည့် အဓိက ရည်ရွယ်ချက်ကတော့ အိုမင်းမစွမ်းရုံရှိပြီး နေရေးထိုင်ရေးအခက်အခဲရှိနေ သောရုပ်ရှင်နယ်ပယ်မှ အဘွားအို များအတွက် နားခိုရာ အေးချမ်းသော ရိပ်မြုံတစ်ခုဖန်တီးပေးရန်၊ အမေ များအိမ်ယာတွင်လာရောက် နေထိုင် နေသော အဘွားအိုများ အတွက် ကောင်းမွန် သင့်တင့်သော အစာ အာဟာရထောက်ပံ့ပေးရန်၊ အမေ များအဖွဲ့ဝင်အဘွားအိုများ အတွက် ကျန်းမာ ရေးစောင့်ရှောက် ပေးရန်၊ ဘဝနေဝင်ချိန်ခရီးတွင် ချောမွေ့ အဆင်ပြေစေရန်အတွက် အကူ အညီပေးရန်စတဲ့ရည်ရွယ် ချက် တွေနဲ့ တည်ထောင်ခဲ့တာဖြစ်ပါ တယ်။

အမေများအိမ်ရာမှာအလှူရှင် အသီးသီး၏စေတနာနဲ့ ဆောက်လုပ် လှူဒါန်းခဲ့သော အဆောက် အအုံ များရှိနေသော်လည်း အမေများ၏ကျန်းမာရေးနဲ့နေ့စဉ်စားရေး သောက်ရေးများအတွက် ပြည့်စုံမှု နည်းပါးခဲ့ရတယ်လို့သိရပါတယ်။ ဒါကြောင့်လည်းတစ်နှစ်တစ်ခါ သင်္ကြန်ရောက်တိုင်းအမေများ အဖွဲ့က အမေများကိုယ်တိုင်ကပြ ဖျော် ဖြေပြီးရန်ပုံငွေရှာဖွေခဲ့ပေမယ့် တစ် နှစ်ပတ်လုံးအိမ်ယာလည်ရန် အတွက်လုံလောက်နိုင်ခြင်းမရှိခဲ့ ကြောင်းလည်းသိရသည်။ အခု လက်ရှိအမေများအဖွဲ့နဲ့အိမ်ရာမှာ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကတော့ ကျန်းမာရေးနဲ့နေ့စဉ် စားသောက်စရိတ်များ၊ သာရေး၊ နာရေး စရိတ်များ၊ အိမ်ရာရေရှည် တည့်တံ့ခိုင်မြဲရေးနဲ့ ထိန်းသိမ်း စောင့်ရှောက်ရေးတို့ ဖြစ်ပါတယ်။ ဒါကြောင့်အိမ်ယာရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့အမေများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ငွေပဒေ သာပင်စိုက်ထူဖို့ အထူးလိုအပ်လာ ကြောင်းလည်းသိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here