ကျိုက်ခေါက် ဘုရားပွဲတော်တွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းတို့ ကပြမည်

0
477

 

၂ဝ၁၈ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၁ရက်နေ့ အထိ သန်လျင်မြို့ ကျိုက်ခေါက်ဘုရား ပွဲတော်မှာ မြို့ရွှေမန်းသား ဖိုးချစ်တို့ ဇာတ်အလှသဘင်၊ စံပြသဘင် (ဟန် ဇာ၊ အဂ္ဂါ၊ တင်ဇာ)၊ အာဇာနည် စန်း စန်းဆပ်ကပ်၊ (သရက်တောရုံ) စွမ်းသဘင်၊ မိုးကြိုးငှက်ငယ် ပဒေ သာကပွဲ၊ ကြည်လဲ့လဲ့ဦး ပဒေသာက ပွဲတို့က ကပြဖျော်ဖြေ တင်ဆက်သွား မှာဖြစ်ပါတယ်။ အခုနှစ်မှာတော့ ဇာတ်ရုံလေလံအနေနဲ့ကျပ် ၄၆သိန်း ဖြစ်ပြီး အရင်နှစ်ကတော့ကျပ် ၄၅ သိန်းဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဆိုပါ လေလံပွဲကို တက်ရောက်ခဲ့တဲ့ ကိုကျော်ဇေယျက…

”ဒီနှစ်ကတော့ အဆင်ပြေပါတယ်။ မနှစ်ကထက်ကို ပိုပြီးတော့ ညှိနှိုင်းမှုတွေက အဆင်ပြေတယ်။ သူတို့တွေ အနေနဲ့လည်း ဇာတ်တွေရဲ့ သဘောထားကို ခံယူပြီးတော့ အ ဆင်ပြေတဲ့ဈေးနဲ့ ညှိပေးတယ်။ ဒါ ပေမဲ့ သူတို့ရဲ့လေလံသဘောတရား အရ မနှစ်ကထက်တော့ လျှော့မပေး ပါနဲ့ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ အနေနဲ့ကလည်း နှစ်တိုင်း တိုးတိုး ပေးလာတဲ့အပြင် ကုန်ကျစရိတ်တွေ ကလည်း များလာတော့ ဒီနှစ်ကိုတော့ အရင်နှစ်ကအတိုင်းပဲ ယူပါလို့ ပြောပါတယ်။ အဲဒီအခါသူတို့က လည်း ကျပ် ၁ သိန်းလောက်ဖြစ်ဖြစ် နည်းနည်းလေး တိုးပေးပါလို့ပြော တယ်။ ကျွန်တော်တို့ အနေနဲ့လည်း အဆင်ပြေပါတယ်”လို့ ပြောပါတယ်။

ကျိုက်ခေါက် ဘုရားပွဲကတော့ အောက်မြန်မာပြည် အနေနဲ့ ဇာတ် သဘင်အဖွဲ့တွေ အတွက် အားထား ရာ ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ဒီပွဲတော် ကြီးမှာ ကပြတင်ဆက်ဖို့အတွက် ဇာတ်အဖွဲ့တွေက ကြိုတင်ပြင်ဆင် မှုတွေ များစွာလုပ်ကြရပါတယ်။ ဒါ ကလည်း ပရိသတ်တွေကို အကောင်း ဆုံးတင်ဆက်ကပြနိုင်ကြဖို့အတွက် ပြင်ဆင်ကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျိုက်ခေါက်ဘုရား ပွဲတော်ကြီးမှာ ဇာတ်အဖွဲ့ကြီးတွေ နှစ်စဉ်ကပြလေ့ ရှိပါတယ်။ ဒီနှစ်မှာ လည်း မြို့ရွှေမန်းသားဖိုးချစ်တို့ ဇာတ်အလှသဘင်၊ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊တင်ဇာမိုးဝင်းတို့ရဲ့ စံပြသဘင်၊ စွမ်းသဘင်စတဲ့ ဇာတ် ကြီး ၃ဇာတ်က ကပြဖျော်ဖြေကြမှာ ဖြစ်တာမို့လို့ပရိသတ်တွေ အကြိုက် တွေ့စေဦးမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here