အင်းလေးရဲ့ သဘာဝအလှ ကို မြင်တွေ့ရမယ့် ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ်ရှင်အကြောင်း ပြောပြခဲ့တဲ့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်

0
279

ဒါရိုက်တာ ညွန့်မြန်မာ ညီညီ အောင်  ရိုက်ကူး ပုံဖော်ထားတဲ့ ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ် ရှင်ဇာတ်ကားကတော့ မကြာမီ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရုံတင် ပြသ တော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ ဝါဇင်၊ ဝတ်မှုံ ရွှေရည်စတဲ့ သရုပ် ဆောင်များက အဓိက ပါဝင်သရုပ်ဆောင်ထား ကြပြီး အင်လေးရဲ့သဘာဝအလှ တရားများကို ဇာတ်ကားနဲ့ ပေါင်းပြီး ရိုက်ကူးထားကြောင်းလည်းသိရပါ တယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အင်းလေး မှာသွားရောက်ရိုက်ကူး ပုံဖော်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။ဒါရိုက်တာ ညွန့်မြန်မာ ညီညီ အောင်  ရိုက်ကူး ပုံဖော်ထားတဲ့ ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ် ရှင်ဇာတ်ကားကတော့ မကြာမီ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရုံတင် ပြသ တော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ ဝါဇင်၊ ဝတ်မှုံ ရွှေရည်စတဲ့ သရုပ် ဆောင်များက အဓိက ပါဝင်သရုပ်ဆောင်ထား ကြပြီး အင်လေးရဲ့သဘာဝအလှ တရားများကို ဇာတ်ကားနဲ့ ပေါင်းပြီး ရိုက်ကူးထားကြောင်းလည်းသိရပါ တယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အင်းလေး မှာသွားရောက်ရိုက်ကူး ပုံဖော်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

“အခုနောက်ပိုင်း ကျွန်တော်က အသက်အရွယ်အရ ရုပ်ရှင်တွေကို ဘယ်လို ရိုက်ကူးချင်လာသလဲ ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ သဘာ ဝကပေးတဲ့ အလှတရားတွေရှိတယ်။ ဒေသတွေရဲ့ ရိုးရာတွေရှိတယ်။ အဲ့ ဒါတွေနဲ့ ဇာတ်လမ်းနဲ့ ပေါင်းပြီး တော့ ရုပ်ရှင်ရိုက်ချင်စိတ်တွေ ဖြစ် လာတယ်။ ရှေ့မှာရိုက်ကူးခဲ့တဲ့ ‘ကျွန်’ ရုပ်ရှင်ဆိုရင်လည်း ကျွန်တော် ပုဂံ ဘုရားတွေနဲ့ ဇာတ်လမ်းနဲ့ ပေါင်း ပြီး ရိုက်တယ်။ ပုဂံဘုရားကိုရောက် ဖူး တဲ့သူတွေလည်း အမှတ်ရစေရ မယ်။ မရောက်ဖူးသေးတဲ့ လူတွေလည်း ဒီကားကြည့်တာနဲ့ ပုဂံဘုရား ရောက် သလိုဖြစ်သွားစေရမယ် ဆိုပြီး ဇာတ် လမ်းနဲ့ပေါင်းပြီး ရိုက်ကူး ထားတာပါ။ ‘လရောင်ဖြာတဲ့ အင်း လေးမှာ’ ရုပ်ရှင်ဇာတ်ကား ဆို ရင်လည်း အင်လေးမှာ သဘာဝက ပေးထားတဲ့ အလှတရားတွေ ရှိ တယ်။ အဲ့ဒါတွေနဲ့ ဇာတ်လမ်းနဲ့ ပေါင်းပြီးရိုက်ထားတယ်။ အခက်အခဲ နည်းနည်းက ဘာရှိလဲ ဆိုရင် အင်းလေးမှာက မြေပြင်မှာ ရိုက်ကူးရတာ မဟုတ်ဘူးလေ။ ရေထဲက အိမ်တွေကိုရိုက်ရတော့ အစပိုင်းတော့ အဆင် မပြေဘူး။ နောက်ပိုင်း လှေနှစ်စီးကို စပ်လိုက် တယ်။ အဲ့ဒီအပေါ်ကနေ မီးထိုး တာတို့ ကင်မရာ တည်တာတို့ လုပ်ရ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း ၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here