ဖိုးချစ်ဖလား အမည်နဲ့ နှစ်ပါးသွားပြိုင်ပွဲ ပြုလုပ်ပြီး ဆုရ လူငယ်တွေကို နှစ်ပါးခွေ ထုတ်ပေးချင်တဲ့ ဖိုးချစ်

0
94

poe-chit-copy

မြို့ရွှေမန်းသားဖိုးချစ်က ချစ်စွမ်းသာရဲ့ နှစ်ပါးအခွေကို ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူး ပေးခဲ့ပါတယ်။ ဒါ့အပြင် အဆိုတော် ဝင်းလဲ့ ချယ်ရီရဲ့ တေးသီချင်း ဒီဗီဒီအခွေမှာလည်း တေးသီချင်းတစ်ပုဒ်ကို ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ ပါဝင်ရိုက် ကူးပေးထား ပါ သေးတယ်။ မင်းသားကနေ ဒါရိုက်တာတစ်ယောက် အနေနဲ့ ရိုက်ကူးတဲ့အခါမှာ ငါမင်းသားဆိုတဲ့ အစွဲကို တော့ ဖျောက် ရပါေ ကြာင်း  နှစ်ပါးအခွေ ရိုက်ကူးတဲ့အခါမှာလည်း ကိုယ်တိုင် တက်မကဘဲ စင်အောက်ကနေ ဒါရိုက်တာအဖြစ် ညွှန်ကြားရ တာဖြစ်တာေ ကြာင့်  စိတ်ထဲမှာ တော့ ခံစားမှုတစ်မျိုးခံစားရ ကြောင်းလည်း သူကပြောပါ တယ်။ သူ့အနေနဲ့ ဒီလိုမျိုး ဒါရိုက်တာအဖြစ် ရိုက်ကူး နိုင် ရခြင်းကလည်း ဗီဒီယိုမှာ ဆိုရင် ဒါရိုက်တာ မောင်ပြည့် ဝ (ပန်းဝေသီ)၊ ပြဇာတ်ဆိုရင် မြို့တော်မောင်ယဉ်အောင်၊ နှစ်ပါးဆိုရင် သျှန်ထွန်း (မြန်မာစာ)စတဲ့ ဆရာတွေဆီ ကနေလေ့လာသင်ကြား ခဲ့မှုတွေကြောင့်ပဲဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ လည်း သူ့ကို ဒါရိုက်တာအဖြစ် ရိုက်ကူးပေးဖို့ ကမ်းလှမ်းလာခဲ့ ရင်တော့လည်း ပွဲကရက်နဲ့ မတိုက်ရင် သူ့အနေနဲ့ ကူညီပေး သွားဖို့ရှိပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယို မှာတော့ ဒါရိုက်တာအနေနဲ့ ရိုက် ကူးဖို့သူ့အနေနဲ့ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။

“ကျွန်တော် အဲဒီလောက်အထိ မသိပါဘူး။ နှစ်ပါးအခွေ ရိုက်ကူးတာကျတော့ ကိုယ်ကလည်း ကနေတာဆိုနေတာဆိုတော့ ဘယ်နားတော့ ကကွက် လေး ဘယ်လိုချိုးရင် ကြည့်ကောင်းမယ်လို့ပဲ သိတာ ပါ။ ရုပ်ရှင်ဘက်ကျတော့ ကျွန်တော်မသိဘူး။ ပြောရရင် ကျွန်တော်ကျွမ်းလည်း မကျွမ်းကျင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တိတိကျကျပြောရရင် ကျွန်တော် လုံးဝမတော် ဘူး”လို့ ရုပ်ရှင်တွေ၊ ဗီဒီ ယိုတွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့နဲ့ ပတ်သက်လို့ ဖိုးချစ်က ပြောပါတယ်။

ဖိုးချစ်က နောက်ပိုင်းမှာ ‘ဖိုးချစ် ဖလား’ ဆိုပြီး နှစ်ပါး သွားပြိုင်ပွဲတွေ ပြု လုပ်ကာ ဆုရရှိတဲ့လူ ငယ်တွေကို သူ့ရဲ့  မြို့ ရွှေမန်းသား ထုတ် လုပ်ရေးကနေ နှစ်ပါး အခွေထုတ်လုပ်ပေး လိုက်ရင် သဘင်မျိုး ဆက်တစ်ခုအနေနဲ့ ထိန်းပြီးသားလည်း ဖြစ်တဲ့အတွက် အဲဒီ လိုလည်း လုပ်ချင် တယ်လို့ သူရဲ့စိတ် ကူးကို ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here