ချစ်သူသက်တမ်းတစ်နှစ်ပြည့်တော့မယ့် သူရိယနဲ့ဆုအိမ်စံ တို့စုံတွဲ

0
243

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ်စံတို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်းကတော့ တစ်နှစ်ဆိုတဲ့ အတိုင်းအတာကို ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးရင်းနဲ့ပဲ စတင်တွေ့ဆုံပြီး ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ သူရိယတို့ စုံတွဲကြားက ရိုက်ကူးရေး အမှတ်တရတွေ အကြောင်းပြောပြရာမှာတော့ ”ကျွန်တော်တို့ချစ်သူသက်တမ်းကတော့ တစ်နှစ်ပြည့်တော့မယ်။ ဆုဆုနဲ့ ကျွန်တော်နဲ့က ဇာတ်ကားရိုက်ရင်း စတွေ့ခဲ့ကြတာပါ။ ဆုဆုနဲ့အတူတူ ဇာတ်ကားတွေ ရိုက်ကူးကြတာလည်း ၅ ကား၊ ၆ ကားလောက်ရှိပြီ။ စစချင်း သူနဲ့ အတူတူရိုက်ကူးဖြစ်တဲ့ ဇာတ်ကားလေးက ဖေ့စ်ဘုတ်ခ်ရွာ ဇာတ်ကားပေါ့။ အဲဒီဇာတ်ကား ရိုက်ကူးတုန်းက ဆုဆုက ဝိတ်လေးတယ်လေ။ ဇာတ်ကားထဲမှာ သူ့ကိုထမ်းပြေးရတဲ့အခန်းတွေရိုက်ကူးခဲ့တုန်းက အမှတ်တရပါပဲ။ အခုတော့ ဆုဆုလည်း ဝိတ်ကျသွားပါပြီ။ နောက်ပိုင်းမှာလည်း သူနဲ့အတူတူ ဇာတ်ကားတွေ ဆက် ပြီး ရိုက်ကူးဖြစ်ကြ တယ်။ ပရိသတ်တွေလည်း ကြိုက်ကြတဲ့ အတွက် တအားဝမ်းသာရပါတယ်” လို့ သူရိယက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

၂ဝ၁၇ နှစ် တစ်နှစ်တာမှာ သူရိယရဲ့ အနုပညာဖန်တီးမှုတွေအပေါ် ကိုယ်တိုင်သုံး သပ်ချက်ကတော့ ”၂ဝ၁၇ခုနှစ်တစ်နှစ်တာအတွင်းမှာလည်း ကိုယ်ဖန်တီးခဲ့တဲ့ အနုပညာ ဖန်တီးမှုတွေနဲ့ပတ်သက်ပြီး ကျေနပ်အားရ မှုရှိခဲ့တယ်။ ကျွန်တော်လည်း ကိုယ်လုပ်တဲ့ အလုပ်တစ်ခုချင်းစီကို အကောင်းဆုံးဖြစ် အောင် ကြိုးစားခဲ့တယ်။ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေ ပရိသတ်တွေ ကြိုက်ကြတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ၂ဝ၁၈ခုနှစ် ရောက်ရင်လည်း ပရိသတ်တွေရဲ့ လက်ထဲကို idea အသစ်အဆန်းတွေနဲ့၊ ဖန်တီးမှုအသစ် တွေမြင်တွေ့ကြရဦးမှာပါ”လို့ သူရိယက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here