နီနီခင်ဇော် နဲ့ သဘောထားတစ်ချို့ကွဲလွဲခဲ့တဲ့ X-Box

0
309

Salute နဲ့ X-Box တို့ Collaboration လုပ်ပြီးထုတ်ထားတဲ့ တီရှပ်နဲ့ အင်္ကျီကတော့ ဒီဇင်ဘာလ ၂၃ရက်နေ့၊ ညနေပိုင်း လှည်းတန်း စင်တာမှာ အောင်မြင်စွာနဲ့ ပွဲခံခဲ့ တယ်လို့ဆိုရမှာပါ။ ၂ဝ၁၇ခုနှစ်အတွက် ရန်ကုန်ကို နှုတ်ဆက်သွားခဲ့တဲ့ X-Box က ၂ဝ၁၈ နှစ်ဆန်းပိုင်းမှာ သူ့ရဲ့ ဒုတိယတစ်ကိုတော်အခွေ ထွက်ရှိလာတော့မှာပါ။ အခွေနာ မည်က ‘၉၉’ပါတဲ့။

”အဓိက ဘာဖြစ်လဲဆိုတော့ ‘၉’ ထက် ‘၉၉’ က ပိုမိုက်သွား တယ်ပေါ့ဗျာ။ ‘၉၉’ပြီးရင်တော့ ‘၉၉၉’ တာ့မလာတော့ဘူး။ ဘာလာ မလဲဆိုတာတော့ ပရိသတ်ကို နည်းနည်း ပဟေဠိအနေနဲ့ ဖွက် ထားပါမယ်” လို့ သူကပြောပါတယ်။ အခွေမှာ နာမည်ကြီးမိန်းကလေး အဆိုတော် ၂ယောက် ဖီးချားရင်း ဆိုပေးထားတယ်။ X-Box လျှို့ဝှက်ထားချင်သေးတယ်။ သို့သော် တစ်ယောက်က နီနီခင် ဇော်ဆိုတာ သူလည်း ဖေ့စ်ဘုတ်ခ်မှာ တင်ထားပြီးဖြစ်တော့ နီနီနဲ့ ဆိုထားတဲ့ သီချင်းအကြောင်းကိုမေးမြန်းဖြစ်တဲ့အခါ…..”မနီနဲ့ သီချင်းလုပ်ရတာက ရှိန်လည်းရှိန်တယ်။ သူက ကျွန်တော့် ကို အမှန်အတိုင်းပြောရလို့ရှိရင် မြူးမြူးကြွကြွတွေ ပေးမယ်ထင်တာ။ Trap တွေလိုမျိုးပေါ့။ သူက အဲဒီ လိုမျိုးတွေ ဆိုချင်တာ။ ဟိုတစ်နေ့ ကမှ သိတယ်။ X-Box နဲ့ သင်္ကြန်တွေ ဘာတွေမှာ ကဲချင်တာ။ ကျွန်တော့် သီချင်းတွေ တော်တော်များများ က လည်း အောက်ကပရိသတ်နဲ့ ခုန် ပေါက်ပြီးတော့ မြူးမြူးကြွကွဆိုရတဲ့ သီချင်းတွေ များတာကိုး။ X-Box ကခုန်ပေါက်ပြီးလာရမယ့် သီချင်း တွေလာမယ်ထင်တာ။ အမှန်တကယ် တမ်းကျတော့ ကျွန်တော်က အမျောကြီးမှာမှ အလိမ်၊ အတွန့်တွေ၊ အကောက်တွေနဲ့ ဆိုခိုင်းလိုက်တာ။ မနီကတကယ်လည်း ကျွန်တော့်ကို စိတ်ရှည်ပေးပါတယ်။ မနီနဲ့ လုပ်ထား တဲ့ သီချင်းက နိုင်ငံခြားဆန်ဆန်ဖြစ် တယ်။ ပြီးတော့ အမုန်းသီချင်း တစ်ပုဒ်ဖြစ်တယ်။ မနီရဲ့ အပိုဒ်ကိုရေးပေးထားတာက NJ ဆိုတဲ့ လူငယ် R&B အဆိုတော်တစ်ယောက်ပါ။ Rap ကတော့ ကျွန် တော့်ဘာသာကျွန်တော်ရေးတယ်။ တီးလုံးကတော့ ကျွန်တော့်ရဲ့ ‘အိပ်ရေးမပျက်စေနဲ့’၊ ‘ I Love You’ တို့ကို တီးခတ်ပေးတဲ့ နေရဲခန့်ကတီးခတ်ပေးထားတာပါ” လို့ X-Box က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here