ဂျေညီညီရဲ့ Idol က ဘယ်သူလဲ

0
359

“ကျွန်တော့်ရဲ့မြင်ဆရာ၊ သင်ဆရာ၊ကြားဆရာက ဂျေမောင်မောင်ပဲ။ ပြီးတော့ သူ့စတိုင်က တအားမိုက်တယ်လေ။ ဒီနေ့အထိကို လန်းနေတာပဲ။ သူ့သီချင်းတွေနားထောင်ပြီးတော့ နေခဲ့ရတာလေ။ သူ့ရဲ့  influence  ကြီးကို ကျွန်တော် ပျော်ပျော်ကြီးလက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် Idol သူ ဖြစ်ရတဲ့သူ၊ တကယ်အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို Idol ဖြစ်ရတဲ့အတွက် ကျွန်တော်ပျော်ပျော်ကြီး လက်ခံတယ်”လို့ အစ်ကိုဖြစ်သူ ဂျေမောင်မောင်နဲ့ ပတ်သက်လို့ ဂျေညီညီက ပြောပါတယ်။ အဆိုတော်ကြီးဂျေမောင်မောင်က ဘဝကိုရိုးရှင်းစွာ အနုပညာနဲ့သာနေထိုင် လေ့ရှိပြီး ဘယ်လိုပကာသနမျိုးမှ မက်မောလေ့ရှိသူ မဟုတ်ကြောင်းလည်း သိရပါတယ်။  အဲဒါနဲ့ပတ်သက်ပြီးလည်း ဂျေညီညီက…

“ကိုယ့်အစ်ကိုမို့လို့ ပြောတာမဟုတ်ဘူး။ စိတ်ကောင်းနှလုံးကောင်းအရှိဆုံး၊ ရိုးသားဖြူစင်အ သန့်ရှင်းဆုံးလူသားပဲ။ ပြီးတော့Music Sence တအားကောင်းတယ်။ သူက လုံးဝကို Up Date ဖြစ်နေတယ်။ သူ့လိုလူမျိုးကို အစ်ကိုတစ်ယောက်အနေနဲ့ ရရှိတဲ့အတွက် သိပ်ပျော်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ပိုက်ဆံလိုတိုင်း သွားသွားတောင်းနေတော့ ဒီလိုအစ်ကိုမျိုးကို တအားကျေးဇူးတင်တာပေါ့(ရယ်လျက်)၊ တောင်းလိုက်ရင် လည်း ကျွန်တော်ကအချီကြီးပဲတောင်းတာ။ သူကဘာတစ်ခု မှကို မပြောဘူး။ လုံးဝကောင်းတယ်ဗျာ”လို့ အစ်ကိုဖြစ်သူ ဂျေမောင်မောင်နဲ့ပတ်သက်လို့ ပြောပြပါတယ်။ ဂျေညီညီ က အစ်ကိုဖြစ်သူဂျေမောင်မောင်နဲ့ သီချင်းလုပ်ဖို့တော့ အစီအစဉ်မရှိသေးပေမယ့် သူ့အနေနဲ့ ဂျေမိသားစုရဲ့ ပွဲကိုတော့ လုပ်ချင်သေးတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ဂျေ ၅ ပွဲပေါ့။အပြင်အဆိုတော် ဘယ်သူမှ ခေါ်မဆိုဘူး။ အဲဒီအတွက် ကျွန်တော်လ တိုင်းကြိုးစားတယ်။ ထီထိုးတယ် (ရယ်လျက်)၊ ဖျော်ဖြေပွဲလုပ်ဖို့ အတွက် ကျွန်တော် စိတ်ကူးထားတာတွေတော့ရှိတာပေါ့”လို့ ဂျေညီညီက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here