လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) ဖွင့်ပွဲနေ့တွင် ငဘ ရုပ်ရှင်ဇာတ်ကားပြသမည်

0
239

ပထမဆုံးအကြိမ် မြန်မာနိုင်ငံ မှာ ကျင်းပပြုလုပ်သည့် လွတ်လပ် ရေးနေ့ဂုဏ်ပြု လွတ်လပ်ရေးလှုပ်ရှား မှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံ ပြပွဲ) ဖွင့်ပွဲကို ဇန်နဝါရီလ ၃ရက်နေ့၊ ညနေ၃နာရီတွင် အမှတ်(၁၆) ဝင်္က ပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ MMPO Cinema (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရုပ်ရှင်ရုံ)၌ ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ဦးကျော်သူပါဝင်သရုပ်ဆောင်ထား သည့် ငဘရုပ်ရှင်ဇာတ်ကားကို ပြသ မည်ဖြစ်သည်။

ဖွင့်ပွဲနေ့တွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်မှန်းပြီး ၁မိနစ်ခန့်ငြိမ် သက်ကာ အလေးပြုကြမည်လည်း ဖြစ်သည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၂နာရီနှင့် ညနေ ၅ နာရီ၊ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီနှင့် ညနေ ၅ နာရီတို့တွင် နိုင်ငံတကာဇာတ်ကားများကို တစ် နေ့ ၂ ကားနှုန်း ပြသပေးသွားမည် ဖြစ်ပြီး အခမဲ့ပြသမှုရုပ်ရှင်ပြပွဲ ဖြစ် ပါသည်။

ရုပ်ရှင်ကြည့်ခြင်းဖြင့် သမိုင်းကို သိနိုင်စေမည့် ရုပ်ရှင်ပြပွဲကြီးဖြစ်ပြီး ထိုရုပ်ရှင်ပြပွဲတွင် ပြသမယ့်နိုင်ငံ တကာမှ ဇာတ်ကားများမှာ Prophecy (ဗီယက်နမ် ဟိုချီမင်း လွတ်လပ်ရေး လှုပ်ရှားမှုအကြောင်း)၊ Spirits’ Homecoming (ဂျပန် ခေတ်ဂျပန်စစ်သားတို့၏ ကိုရီးယား အမျိုးသမီးငယ်များအား လိင်ကျွန် အဖြစ် အသုံးပြုခံရခြင်းအကြောင်း)၊ Michael Collins (မိုက်ကယ် ကောလင်းစ်- အင်္ဂလိပ် လက် အောက်မှ လွတ်မြောက်ရေး ကြိုးပန်း ခဲ့သည့် အိုင်ယာလန် လွတ်မြောက် ရေးခေါင်းဆောင် မိုက်ကယ်ကော လင်းစ်အကြောင်း)၊ The Age of Shadows (ဂျပန်ခေတ် SPY အကြောင်းအခြေခံသည့် ရုပ်ရှင် ဇာတ်ကားများဖြစ်သည်။

လက်မှတ်များကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့ ရုံးချိန် အတွင်း၊ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ ရုံးချိန်အတွင်းနှင့် ဇန်န ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတို့တွင် ကြိုတင်ပြီး ရုပ်ရှင်ကြည့်ရှုခွင့် လက်မှတ်ထုတ်ယူကာ ကြည့်ရှုနိုင် ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးနှင့် ကိုရီးယားနိုင်ငံဟန်အီရုပ်သံသမိုင်းဖောင်ဒေးရှင်းတို့ ပူးပေါင်း တင်ဆက်မှု ဖြစ်သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here