ညောင်တုန်းမြို့မှာစာပေဟောပြောရင်းလွတ်လပ်ရေးနေ့ကို ဖြတ်သန်းမယ့် စာရေးဆရာအကြည်တော်

0
393

လာမယ့်ဇန်နဝါရီ ၄ရက်နေ့၊ လွတ်လပ်ရေးနေ့မှာ စာရေးဆရာ အကြည်တော်က ညောင်တုန်းမြို့ စာပေဟောပြောပွဲမှာ ရှိနေမယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးနေ့မှာ ဟောပြောပွဲ ဟောပြောရမှာဆိုတော့ လွတ်လပ်ရေးနေ့ အကြောင်းရော၊ တခြားကိုယ်ပြောချင်တဲ့ အကြောင်း အရာတချို့ကိုလည်း ထည့်သွင်း ဟောပြောရတာပေါ့လို့ အကြည် တော် ကဆိုပါတယ်။ ဆရာကြည် တို့က စာရေးဆရာတွေဆိုတော့ ဟောပြောခဲ့ဖူးတဲ့ လွတ်လပ်ရေးနေ့ ဟော ပြောပွဲတွေထဲမှာ ဘယ်မြို့က ပွဲကို အမှတ်တရအဖြစ်ဆုံးလဲလို့ မေး တော့……

”ဟောပြောပွဲက ကိုယ်ကစကား ပြောရတာသိပ်ဝါသနာမပါတဲ့သူဆို တော့ ဟောပြောခဲ့ဖူးတဲ့ ပွဲတိုင်း အ မှတ်တရတွေ ချည်းပါပဲ” လို့ အကြည် တော်က ပြောပါတယ်။

လွတ်လပ် ရေးနေ့နဲ့ ပတ်သက် ပြီး ဆရာကြည် နည်းနည်းပြောချင်တဲ့ စကားလေးတွေ ရှိဦးမလားလို့ ဆိုတော့…..

”ဒီနေ့ကို ပိုပြီးတော့ အလေး ထားစေချင်တာပေါ့။ အခုကတော့ ရပ်ကွက်ထဲမှာ လွတ်လပ်ပြီဆိုတဲ့ အသိနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်နေကြ တာလေ။ လမ်းတွေ ပိတ်ပြီးတော့ပေါ့။ အဲဒါကလည်း ဗိုလ်ချုပ်ပြောခဲ့ သလို ဆို နည်းနည်းချိုးဖောက်ရာ တော့ကျ တာပေါ့။ အဲဒီလိုလုပ်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်း စည်းကမ်း စနစ်တကျနဲ့ လုပ်ရင်တော့ ပိုကောင်းမှာပေါ့နော်” လို့ပြောပါ တယ်။

ဆရာကြည်တို့ ငယ်စဉ်က လွတ်လပ်ရေးနေ့ ဖြတ်သန်းမှုနဲ့ အခု ခေတ်ကလေးတွေ ဖြတ်သန်းမှုဆို တော်တော်လေးကွာ ခြားသွားပြီနော် လို့ဆိုတော့…..

”တို့ ငယ်ငယ်တုန်းကတော့ လယ်ကွင်းတို့ ဘာတို့မှာလုပ်ကြ တာလေ။ တောတွေမှာ နေကြတော့ လွတ်လွတ်လပ်လပ်နဲ့ပေါ့။ တစ်ရွာ လုံးက အဲဒီနေ့မှာ လူကြီးတွေကအစ ပြိုင်ပွဲကို မျိုးစုံလုပ်ပေးတာကိုး။ မိန်း ကလေးတွေနဲ့ ပတ်သက်လို့ရှိရင် ဆန်ကောရွက်တာတို့ရှိတယ်။ ဆန် ကောရွက်ပြီးတော့ အပ်ကို အပ်ချည် ထိုးပြီးတော့ ပြိုင်ရတာမျိုး စသဖြင့် ပေါ့။ ကလေးတွေ ဆိုလို့ရှိရင်လည်း မုန့်လက်ကောက်တွေကို ကိုက်ပြီးပြိုင် တာမျိုး၊ မျိုးစုံပါပဲ။ ဒီဘက်ခေတ်မှာက နည်းနည်းတော့ ပုံစံပြောင်းသွား ပြီ ပေါ့ နော်။ အဲဒီလို ပြိုင်ပွဲတွေလည်း ကောင်းကောင်းမွန်မွန် မရှိဘူးလေ။ တို့ ငယ်ငယ်တုန်းကတော့ လူကြီးဆို ရင် လူကြီးပြိုင်ပွဲ၊ ကလေးဆိုရင် ကလေးပြိုင်ပွဲ၊ မိန်းမတွေဆို မိန်းမ တွေပြိုင်ပွဲ ရှိတယ်။ ထူးထူးခြားခြား လွတ်လပ်ရေးနေ့ဆိုရင် ယောကျာ်း ကြီးတွေ မူးနေတာပဲမြင်ရတယ်။ တော်တော် ကွာသွားပါပြီ” လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here