Marry Me သီချင်းကိုနားထောင်ပြီး တကယ်လက်ထပ်ချင်စိတ်ပေါက်သွားလိမ့်မယ် ပိုပို

0
191

ပိုပိုက လတ်တလောမှာ ချစ်သူတွေအတွက် ရည်ရွယ်ပြီး ဟဲ လေးနဲ့ သီဆိုထားတဲ့ Marry Me သီချင်းလေးကို အွန်လိုင်းပေါ် တင် သွားဖို့စီစဉ်နေပါတယ်။ ဒီသီချင်း လေးကိုနားထောင်ပြီး တကယ် လက် ထပ်ချင်စိတ်ပေါက်သွားစေမယ်လို့ ပိုပိုက ဆိုပါတယ်။

”မီဒီယာ ၇ က ကိုရွှေမန်းက သီချင်းရေးဖို့လုပ်ပါလား။ သူတို့ သီချင်းတင်မယ်လုပ်ဆိုတာနဲ့ ပိုပို လည်း သီချင်းရေးဖို့ အိုင်ဒီယာ ရသွားတယ်။ ဒီသီချင်းထဲမှာ ကိုယ် တကယ်ကို ခံစားရတဲ့သီချင်းစာ သားလေးတွေ ထည့်ထားတယ်။ ကိုယ် ကြိုက်တဲ့စာသားလေးတွေ ရွေးထည့် ထားတယ်။ တစ်ဝက်ကမြန်မာလို၊ တစ်ဝက်က အင်္ဂလိပ်လိုပါ။ စုံတွဲ သီချင်းလေးပါ။ မြူးမြူးလေးနဲ့ ချစ် ဖို့ကောင်းတဲ့ပုံစံလေးပါပဲ။ ထူးထူး ခြားခြားတော့မရှိပါဘူး။ ဒါပေမဲ့ သီ ချင်းလေးကနားထောင်လို့ကောင်းပြီး တော့မှ နားထောင်ရင်းနဲ့ တကယ် လက်ထပ်ချင်စိတ်ပေါက်သွားလိမ့် မယ်” လို့ပြောပါတယ်။

ပိုပိုက သူ့ရဲ့လတ်တလော အချစ်ရေးက အေးဆေးပါပဲလို့ဆိုပြီး ဘယ်လို ချစ်သူပုံစံမျိုးရွေးချယ်သွားမယ်ဆိုတာမျိုးမရှိဘဲ ကိုယ်တကယ် ချစ်ရင်တော့ အရာအားလုံးကိုလက်ခံ သွားနိုင်မှာပါလို့ ဆိုပါတယ်။ ”ငယ် ငယ်တုန်းကတော့ စိတ်ကူးယဉ် တာပေါ့။ ဘယ်လိုပုံစံမျိုးမှဖြစ်ရမယ်။ ဘယ်လိုပုံစံမျိုးကြိုက်တယ်တို့ပေါ့။ အသက်ကြီးလာတဲ့ အချိန်မှာတော့ ဖူးစာပါပဲ။ သူ့ဟာနဲ့ သူတော့ တကယ်ချစ်သွားလို့ရှိရင် အဲဒီလူက အရပ်ရှည်တာတို့၊ အရပ်ပုတာတို့၊ ဝ တာတို့ ပိန်တာတို့ မြင်မှာမဟုတ်တော့ ဘူး။ ငယ်ငယ်တုန်းကတော့ မြင်ရင် မြင်မှာပေါ့။ ငယ်ငယ်တုန်းကတော့ အရပ်ရှည်တာကြိုက်တယ်။ အသား ဖြူတာကြိုက်တယ်။ ကောင်လေး ချောချောလေးကြိုက်တယ်။ ဘယ်လို တည်တည်ငြိမ်ငြိမ်ပေါ့။ ကိုယ်ရွေးခဲ့ တဲ့ လူတွေကလည်း ရုပ်လေးတော့ ချောပါရဲ့ စိတ်ဓာတ်က ကိုယ်နဲ့ အဆင်မပြေဘူး။ စိတ်ဓာတ်တော့ ကောင်းပါရဲ့ရုပ်ကတော့ မချောဘူး ဆို အဆင်မပြေဘူးပေါ့။ ဒီလိုပါပဲ။ တကယ် ကိုယ်ချစ်သွားပြီဆိုရင် whatever you are သူဘာပဲ ဖြစ်နေဖြစ်နေ ချစ်သွားမှာပါပဲ”လို့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြော ပြသွားပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here