သဘင်မင်းသားများက လူရွှင်တော်အဖြစ် တင်ဆက်ပြီး ဇာတ်မင်းသားအဖြစ် ဝေဠုကျော် ကပြမည့် သဘင်လူမှုကူညီစောင့်ရှောက်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်မည်

0
420

သဘင်မင်းသားများက လူရွှင်တော်အဖြစ် ဖျော်ဖြေတင်ဆက်ပြီး ဇာတ်မင်းသားအဖြစ် ရုပ်ရှင်မင်းသား ဝေဠုကျော် မှ ကပြတင်ဆက်မယ့် မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေး ရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်တွင် ၂ဝ၁၈ ခုနှစ်ထဲမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လူရွှင်တော်အဖြစ် ဖျော်ဖြေတင်ဆက်ကြမယ့် သဘင်မင်းသား တွေကတော့ တင်မောင်ဆန်းမင်းဝင်း၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ရွှေမန်းသားဖိုးချစ်က ဆက်တင်ပိုင်းဆိုင်ရာများကို ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး ဖျော်ဖြေမှုပိုင်း ဆိုင်ရာကိုတော့ မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဝင်းနောင်က စီစဉ်ပေးမှာ ဖြစ်ပါတယ်။

”အဓိက ကတော့ ဒီပွဲက ပရဟိတပွဲဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်တဲ့အလုပ်ကို ပရဟိတလို့ ဖြူစင်ရိုးသားစွာမြင်စေ ချင်တာ။ ဘာအကြောင်းကြောင့်မှ အရောင်တွေ မပါစေချင်ဘူး။ ကျွန်တော်တို့ ဇာတ်သဘင်ပညာရှင်တွေရယ်မှ မဟုတ် ပါဘူး။ လူသားအားလုံးအတွက် ရန်ပုံငွေ ရှာခြင်းဖြစ်တဲ့အတွက် လူသားအားလုံးကို ဖေးမကူညီပေးပါလို့ ပရိသတ်ကြီးကို ပြောချင် ပါတယ်။ ကျွန်တော်တို့ သဘင်ရုပ်ရှင်ပူးပေါင်းပြီး ဖျော်ဖြေတင် ဆက်မှုကို အားပေးပေးပါ” လို့ ပွဲနဲ့ပတ်သက်လို့ မန္တလေးတိုင်း ဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ကိုဝင်းနောင်ကပြောပါတယ်။

ဒါ့အပြင် အဆိုပါဖျော်ဖြေပွဲမှာ ပရဟိတရွှေလက်များအဖွဲ့၊ ဂီတကွန်ရက်အဖွဲ့၊ မြန်မာ့သဘင် အလှဆင်သူများ အဖွဲ့၊ လူရွှင်တော် ပရဟိတအသင်းတို့ကလည်း ပူပေါင်းပါဝင် ဖျော်ဖြေတင်ဆက်ကြမှာဖြစ်သလို ဇာတ်သဘင်ရဲ့ ကဏ္ဍစုံအောင် တင်ဆက်ကပြသွားမှာဖြစ်ကာ မေလနောက်ပိုင်း လောက်မှာ ဖျော်ဖြေပွဲပြုလုပ်သွားဖို့ ရည်ရွယ်ထားပြီး နှစ်ညဆက် တိုက် ကပြသွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါပွဲကို မန္တလေး မြို့မှာလည်း ဖျော်ဖြေတင်ဆက် ကပြခဲ့ပြီးဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here