အောင်ရဲထွေးသေဆုံးမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရ

0
215

လူမှုကွန်ရက်မှာ ဟာသဗီဒီယိုများ တင်ဆက်ပြီး အောင်မြင်မှုတွေရရှိနေ တဲ့ သရုပ်ဆောင် အောင်ရဲထွေး (ခ) ရဲထွေးအောင်ဟာ New Year ညက Club မှာ အမည်မသိ လူအုပ်စုက ခေါင်းကိုဖိနပ်များနဲ့ ဝိုင်းဝန်းကန်ခံ ရရာမှ ဦးခေါင်းမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံမှာ ခွဲစိတ်မှုခံယူခဲ့ပေမယ့် ဒဏ်ရာမှာပြင်းတဲ့အတွက် ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်ပြီး အစ်ကိုဖြစ်သူ ကိုသန့်စင်ဦးက …

”ကျွန်တော့်ညီ အောင်ရဲထွေးက ဒီလိုမျိုးဖြစ်စရာအကြောင်းမရှိဘူး။ ဒီလို နေရာတွေမှာ ရှင်သန်တဲ့ လူလည်းမဟုတ်ဘူး။ ရန်ဖြစ်တတ်တဲ့လူလည်းမဟုတ် ဘူးဆိုတာ အားလုံးလည်းသိထားပြီးသားပါ။ အခုလိုဖြစ်သွားတာကိုလည်း လုံးဝ လက်မခံနိုင်ဘူး။ မယုံကြည်နိုင်ဘူးဖြစ်နေတယ်။ အဲဒီနေ့က ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်။ ညီလေး ဆေးရုံတင်ထားရတယ်။ အမြန်လာပါတဲ့။ အရေး ပေါ်ဌာနကို ကျွန်တော်လိုက်သွားတယ်။ သူ့ဓာတ်မှန်ကိုကြည့်ရတယ်။ သူက လုံးဝ သတိမရဘူး။ အရေးပေါ်ဌာနကနေ သူတို့နဲ့မဆိုင်တဲ့အတွက် ဦးနှောက် နဲ့အာရုံကြောကို ပို့ပေးလိုက်တယ်။ ဆရာဝန်တွေက ဓာတ်မှန်အနေအထား ကြည့်ပြီး အခြေအနေမကောင်းဘူးတဲ့။ ဦးနှောက်ဦးခွံရဲ့ အနောက်ဘက်မှာ ၃ လက်မခွဲ ၄ လက်မလောက် အလျားအနံရှိတဲ့ အတိုင်းအတာတစ်ခုလောက် ကျွံဝင်ပြီးကြေမွသွားတယ်။ ဦးခွံတစ်ခြမ်းလုံးက အမြေးပါးတွေရော သွေးခဲ နေတဲ့ အနေအထားဖြစ်နေတယ်။ ခွဲစိတ်ဖို့ ကြိုးစားတယ်။ ခွဲစိတ်တာတော့ အောင်မြင်တယ်။ သူ အရင်လိုပြန်ဖြစ်လာမယ်။ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားကြတာ။ ဒါပေမဲ့ သူ ဆုံး သွားတယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော့်ညီက အငယ်ဆုံး။ သူ့မှာ အများကြီး မျှော်လင့်ချက်ရှိသလို၊ လူတိုင်းကိုလည်း အကျိုးပြုနေတယ်။ လူတွေကိုလည်း ဒုက္ခပေးထားတာမရှိ ဘူး။ ဘာမှ အပြစ်မရှိတဲ့လူ ဒီလိုမျိုး အသတ်ခံရတာ လုံးဝ လက်ခံလို့မရ ဘူး။ ဒီအမှုရဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့လည်း ကျွန်တော် မေတ္တာရပ်ခံချင် ပါတယ်”လို့ ပြောပါတယ်။ အောင်ရဲထွေး ကို ဇန်နဝါရီ လ ၃ရက်နေ့ မွန်းလွဲ ၁ နာရီက အစ္စလမ်ဘာသာဝင် တို့ရဲ့ ဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့ပါတယ်။ အောင်ရဲ ထွေးဟာ ကိုယ်စောင့်နတ်နဲ့ တခြားရုပ်ရှင်ဇာတ်ကားများ လည်း ရိုက်ကူးထားသူဖြစ်ပါ တယ်။ ကွယ်လွန်ချိန်မှာ အသက် ၂၄ နှစ်ရှိပြီး ပရိသတ်တွေရော၊ အနုပညာရှင်တွေပါ နှမြောတသဖြစ်ခဲ့ ကြရပါတယ်။ အောင်ရဲထွေး သေဆုံး မှုမှ ပြစ်မှုကျူးလွန်သူများအား မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး အမှုကို စစ်ဆေးလျက်ရှိကြောင်း သိရ ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here