မတ်လမွေးနေ့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံကျင်းပဦးမယ့် အဆိုတော် နီနီခင်ဇော်

0
174

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးအပြီးသတ် ဂီတဖျော်ဖြေပွဲတွေမှာ တွေ့ဆုံ ဖြစ်ခဲ့တဲ့ အဆိုတော်တွေထဲမှာ နီနီခင်ဇော်လည်း ပါဝင်ပါတယ်။ နီနီခင် ဇော်အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၇ ကိုပြန် သုံးသပ်ကြည့်လိုက်ရင် ဘာတွေပြန်ရှု မြင်မိလဲလို့ဆိုတော့…..

”၂ဝ၁၇ခုနှစ်က နီနီ့အတွက် ပျော်စရာတွေ၊ ကံကောင်းစရာတွေ၊ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ် ကတော့ ဒီ့ထက်ပိုပြီးကြိုးစားရဦးမှာပေါ့လေ” လို့ သူမကပြောပါ တယ်။

ရှိုးတွေမှာ နောက်ပိုင်းဆိုရင် နီနီကသိပ်ကို တက်ကြွတာ ပဲနော်လို့ဆိုတော့…

”တက်ကြွတယ်ဆိုတာ ပရိသတ်တွေ ရဲ့ မျက်နှာလေးတွေ၊ ပရိသတ်တွေရဲ့ အသံလေးတွေကြား ပြီး တက်ကြွရတာပါ။ နီနီတို့ဆိုရင် နယ်တွေလည်း တောက် လျှောက်သွားရတယ်။ တအားပင်ပန်းနေတဲ့အချိန်မှာ ပရိသတ်တွေက အားဆေးပါ” လို့ နီနီခင်ဇော်က ပြောပါ တယ်။

၂ဝ၁၇ခုနှစ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး နောက်ထပ်ရော ပြုလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိဆိုတာလည်း နီနီခင်ဇော်ကို မေးဖြစ်ပြန်တော့…

”လာမယ့် ၃လပိုင်း ၃၁ ရက်နေ့ ကျလို့ရှိရင် နီနီ့ ရဲ့ One Lady Show ထပ်လာပါဦးမယ်။ နှစ်ကူးပြီး သွားရင်တော့ စပြီးကြေညာသွားမှာပါ။ ရန်ကုန်မှာ ပါပဲ။ ပထမပွဲထက်ပိုပြီးတော့ ကောင်းတဲ့ အိုင်ဒီယာ တွေနဲ့ တင်ဆက်မှာဖြစ်ပါတယ်။ အသေးစိတ်ကို တော့ ပရိသတ်တွေကို မကြာခင်မှာ ကြေညာသွားမှာ ဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

တခြားအဆိုတော်တွေကတော့ သရုပ်ဆောင် အလုပ်တွေလည်းလုပ်ကြတာမို့ နီနီခင်ဇော်အနေနဲ့ ရော အလှည့်ကျ လာဦးမှာလားလို့ဆိုတော့…..

”သရုပ်ဆောင်ပိုင်းတော့ သွားဖို့မရှိပါဘူး။ နီနီ ခင်နဲ့ကိုငြိမ်းမောင် ဇာတ်လမ်းတော့ ထပ်ပြီးရိုက်ကူးထားပါတယ်။ ပရိသတ်တွေကို နှစ်ကူး ပြီးတာနဲ့ တင်ပေးပါမယ်” လို့ နီနီခင်ဇော် ကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here