ဒီလထဲမှာ တစ်ကိုယ်တော်ခွေထွက်ရှိမယ့် အဆိုတော်သားငယ်

0
114

Myanmar I dol Season -2 ရဲ့ Winner ဆုရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်သားငယ်ကတေ့ လတ်တလောမှာ သူရဲ့ တစ်ကိုယ်တော် တေးစီးရီးလည်း ထွက်ရှိဖြစ်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီး အတွက် သီချင်း ၁၄ ပုဒ်လောက်သီဆိုထားပြီး ဒီလအတွင်းမှာ ထွက်ရှိဖို့ စီစဉ်ထားကြောင်းလည်းသိပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးနဲ့ပတ်သက်ပြီး အဆိုတော်သားငယ်က ခုလို့ပြောပြခဲ့ပါတယ်။

”ကျွန်တော်ရဲ့ ပထမဆုံးတစ် ကိုယ်တော် တေးစီးရီးကတာ့ အကုန် လုံးနီးပါးပြီးနေပါပြီး။ အချိန်လေးနည်းနည်းပဲ လိုပါသေးတယ်။ မကြာခင်ထွက်ရှိလာတော့မှာပါ။ တခြားအစည်းအရုံးကို စာတင်တာတို့ဘာတို့ လုပ်ပြီးရင်တော့ထွက် ပါပြီ။ ၁ လပိုင်း ဒီလထွက်ရှိဖြစ်မယ် ထင်ပါတယ်။ တေးရေးဆရာ တွေကတော့ အများကြီးပါဝင်တယ်။ အခု သီချင်း က ၁၄ ပုဒ် တီးထားဆိုထားပြီးပါပြီ။ ဘယ်နှစ်ပုဒ်လောက်ရွေးဖြစ်မယ်တော့ မသေချာသေပါဘူး။ သီချင်းပုံစံတွေက ကိုယ်ကလည်း Rock ဆိုချင်ဆိုတော့ Rock ဘက်ကိုတော့ မရရအောင်ဆွဲထားပါတယ်။ ဒါပေမဲ့လည်း အချိုကြိုက်တဲ့ သူတွေ အတွက် အချိုလေးတွေပါတယ်။ Audio အနေနဲ့ အရင်ထွက်ရှိဖြစ်မှာပါ။ ကျွန်တော်က သီချင်းဆိုပြိုင်ပွဲကနေလာ တဲ့သူဆိုတော့ ပြိုင်ပွဲမှာလည်း သီချင်းပုံစံတွေမျိုးစုံ သီဆိုခဲ့ရတယ်။ အဲဒါကြောင့် အားလုံးနားထောင်လို့ရမယ့် သီချင်းပုံစံ တွေပါတယ်။ Rock သီချင်းတွေကတော့ ပိုများပါတယ်။ အခွေနဲ့ပတ်သက်ပြီး ပရိသတ်ဆီက အများကြီးမျှော်လင့် ထားတာတော့ မရှိပါဘူး။ ကျွန်တော်ဘက်က ပရိ သတ်ကို ကောင်းကောင်းလေးပဲပေးချင်တယ်။ သီချင်းတွေအားလုံး ပရိသတ်နားထောင်လို့ အဆင် ပြေအောင်ကြိုးစားထားပါတယ်။ အခွေထွက်ရှိလာခဲ့ လို့ရှိရင်လည် ပရိသတ်ကို နားထောင်ကြည့်ပါ။ကျွန်တော်ကို ပြိုင်ပွဲမှာကတည်းက အားပေးခဲ့ကြ တဲ့ ပရိသတ်ကိုလည်း စီးရီးခွေထွက်ရှိလာလို့ရှိရင် နားထောင်ပေးဖို့၊ ဝေဖန်ပေးဖို့ တောင်းဆိုချင်ပါ တယ်” လို့ သားငယ်က ပြောပါတယ်။

လတ်တလောမှာ Show ပွဲတွေ ဆက်တိုက် သီဆိုဖြစ်နေတဲ့သူ့ကို ပရိသတ်နဲ့ တိုက်ရိုက်ထိ တွေ့ရတဲ့ ခံစားမူကိုလည် ဆက်လက်မေးမြန်းခဲ့ ရာ . . .

”ပရိသတ်တွေက ကျွန်တော်ကို စင်ပေါ်တင် ပေးခဲ့တဲ့သူတွေပါ။ ကျွန်တော်ရဲ့ ကျေးဇူးချင်တွေနဲ့ သီချင်းအတူဆိုရတဲ့အတွက်လည်း တအားပျော်ပါ တယ်။ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီးသီချင်း ဆိုရတဲ့ အခါကျတော့ ချစ်တဲ့သူရှိသလို မချစ်တဲ့ သူတွေလည်ရှိတယ်ဆိုတော့ တအားကြီး အားပေး တဲ့ပွဲလည်းရှိတယ်။ တချို့လည်း မကြိုက်ဘူး ဆဲဆို တဲ့ပွဲလည်းရှိတယ်။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့ လွတ်လပ်ခွင့်လေ။ အဲဒါနဲ့ပတ်သက်ပြီးလည်း ခံစားမှုကတော့ ဘာမှမရှိပါဘူး” လို့ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here