မွန်မြတ်တဲ့ အလုပ်ကို နှစ်စမှာ လုပ်ခွင့် ရတဲ့အတွက် ပီတိဖြစ်ရပါတယ် အိန္ဒြာကျော်ဇင်

0
293

သရုပ်ဆောင်အိန္ဒြာကျော်ဇင်က ဇန်နဝါ ရီလ ၁ ရက်နေ့ကပြုလုပ်တဲ့ သံဃာတော်အပါး ၁၈ဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့ပါတယ်။ နှစ်သစ်မှာ အခုလိုကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းကို အိန္ဒြာကျော်ဇင်က…

”နှစ်အစမှာ ပင့်သံဃာတော်အပါး ၁၈ဝဝဝ ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ အနယ်နယ် အရပ်ရပ်က ကြွလာတဲ့ဆရာတော် ဘုရားများ၊ သံဃာတော်များကို ဝတ္ထုငွေကပ်ခွင့်ရခဲ့ပါတယ်။ မွန်မြတ်လှတဲ့အလုပ်ကို နှစ်စမှာလုပ်ခွင့် ရခဲ့တဲ့အတွက် တအားကြည်နူးပီတိဖြစ်ရပါတယ်”လို့ ဆိုပါတယ်။

အိန္ဒြာကျော်ဇင်က ခရစ္စမတ်ကိုတော့ မိသားစုနဲ့အတူ ဘန်ကောက်မှာ ဖြတ်သန်းခဲ့ပါတယ်။ နှစ်သစ်ဆုတောင်းစကားအနေနဲ့ …

”ချစ်ရသူများအားလုံး Happy New Year ပါ၊ ၂ဝ၁၈ ခုနှစ်ကနေစလို့ လှပတဲ့အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပိုင်ဆိုင်နိုင်ကြပါစေ။ ကံကောင်းခြင်းတွေနဲ့အတူ အရာရာကိုအောင်မြင်စွာကျာ်လွှားနိုင်ကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ် ၏ ကျန်းမာခြင်းနဲ့ပြီးပြည့်စုံကြပါစေ”လို့ အိန္ဒြာကျော်ဇင်က ဆုမွန် ကောင်းတောင်းခြွေစကားဆိုခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က ဒီဇင်ဘာလ ထဲမှာတော့ အာဒမ်များနှင့် နံရိုးများ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ပြေတီဦး၊ မင်းမော်ကွန်း၊ ထွန်းအိန္ဒြာဗို၊ မိုးဟေကိုတို့နဲ့ အတူပါဝင် သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here