ရင်ထဲမှာ ဘယ်လောက် ငိုနေငိုနေ ပရိသတ်တွေကိုတော့ ပျော်ရွှင်အောင် လုပ်ပေးချင်တဲ့ သရုပ်ဆောင် မတူး

0
365

သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ အိမ်ထောင်ရှင်အလှမယ်တစ်ဦး လည်းဖြစ်တဲ့ မတူးက ထိုင်းနိုင်ငံမှာ ထိုင်းဒါရိုက်တာနဲ့ ကြော်ငြာသွားရောက် ရိုက်ကူးမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအထိ ထိုင်းဒါရိုက်တာနဲ့ ကြော်ငြာ   ရိုက်ကူးရမှာဖြစ်တဲ့အတွက်ကြောင့်လည်း သူ့အနေနဲ့ ဂုဏ်ယူမိပါကြောင်း မတူးကပြောပါတယ်။

သရုပ်ဆောင်မတူးကတော့ သူ့ဘဝရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ စိတ်ညစ်စွာနဲ့ ဖြတ်သန်းလေ့မရှိဘူးလို့ သိရပါတယ်။ သူ့ကိုကြည့် လိုက်ရင်လည်း အမြဲပြုံးရွှင်နေလေ့ရှိတဲ့ မတူးကို ကိုယ့်စိတ်ကို ဘယ်လိုထားပြီး တစ်နေ့တာကို ဖြတ်သန်းလေ့ရှိလဲလို့မေးတော့ . . .

”အန်တီကစိတ်မညစ်ဘူး။ စိတ်ညစ်ရင်လည်း အန်တီတူး က ၅ မိနစ်ပဲ။ ဒီဘက်နားထဲကနေ စိတ်ညစ်စရာ ဝင်လာပြီ ဆိုရင် ဟိုဘက်နားထဲကနေ ထုတ်ပစ်လိုက်တယ်။ အန်တီတူး က စိတ်လည်းမဆိုးတတ်ဘူး။ စိတ်ဆိုးတာစိတ်ကောက်တာ ဆိုရင်လည်း အန်တီတူးက ခဏလေးပဲ။ စိတ်ဆိုးရင်လည်း ၅ မိနစ်ပဲ။ တစ်ခါတလေဆိုရင် ၅ မိနစ် တောင်မကြာဘူး။ ခဏ လေး ပြေသွားရော။ အန်တီကပျော်ပျော်ပဲနေချင်တယ်။ လူ တွေကိုလည်း ကိုယ့်ကိုကြည့်ပြီးတော့ ပျော်စေချင်တယ်။ ကိုယ့်ရင်ထဲမှာ ဘယ်လောက်ငိုငို အန်တီတူးက လူတွေအားလုံးကို ပျော်အောင်ရွှင်အောင်လုပ်တဲ့ ပျော်တော်ဆက်မယ် လေ။ ဒါပေမဲ့ ဒီပျော်တော်ဆက်မယ်က Miss ဖြစ်နေတော့ Miss ပုံစံလေးနဲ့ နေရတာပေါ့နော်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here