စားဝတ်နေရေးမပြေလည်တဲ့ကြားထဲကနေ ရုန်းကန်ခဲ့ရပါတယ်လို့ ပြောလာသူ အဆိုတော်မိုးသောက်

0
126

အိမ်မက်ဆုံရာ ရာသက်ပန် Season -5 ရဲ့ Winner ဆုရှင် အဆိုတော် မိုးသောက်ကတော့ သူရဲ့ ‘ဘယ်လိုအသက်ရှင်ရလဲ’လို့ အမည် ပေးထားတဲ့ တကိုယ်တော် တေးစီးရီး ကလည်း ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်း မှာ ထွက်ရှိတော့မှာဖြစ့်ပါတယ်။

သီချင်းအဆိုပြိုင်ပွဲမှ တစ်ဆင့် ပရိသတ်အသိအမှတ်ပြုခံရတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်လာတဲ့ အဆို တော်မိုးသောက်က သီချင်းအဆိုပြိုင် ပွဲတွေ လုပ်ပေးတဲ့သူတွေကို ကျေးဇူး တင်ပါတယ်လို့ ပြောလာပါတယ်။

”ကျွန်တော်က ပြိုင်ပွဲကနေ တက်လာတဲ့ သူတစ်ယောက်ဆိုတော့ ကျွန်တော်တို့လို လူငယ်တွေ၊ ရွက်ပုန်း သီးလေးတွေအများကြီးရှိပါတယ်။ ဒီလိုသီချင်းဆိုပြိုင်ပွဲတွေပေါ်လာတာက လည်း ကျွန်တော်တို့လို လူငယ်တွေ အတွက်တကယ့်ကို ကံကောင်းပါတယ်။ နောက်တစ်ခုက သီချင်းဆိုပြိုင်ပွဲတွေ လုပ်ပေးတဲ့လူကြီးတွေကို ကျေးဇူး လည်း တင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ပါရမီပါပြီးတော့ အရည်အ ချင်းရှိတဲ့ လူငယ်တွေနစ်မြုပ်နေတယ်။ အဲဒါကြောင့် ဒီလိုပြိုင်ပွဲလေးတွက ကျွန် တော်တို့အတွက် ခွန်အားတစ်ခုပါ။ ကျွန် တော်ကတော့ နယ်ကဆိုပေမယ့် ငယ်ငယ်လေးကတည်းက ရန်ကုန်မှာ နေပါတယ်။ ရန်ကုန်မှာနေတယ် ဆိုပေမယ့် နယ်ကိုတော့ ခဏခဏ ပြန်ဖြစ်ပါတယ်။ အခက်အခဲက ဘာရှိလဲဆိုရင် စားဝတ်နေရေး မပြေ လည်ပါဘူး။ စားဝတ်နေရေး မပြေ လည်တဲ့ ကြားထဲကနေ ရုန်းကန်ခဲ့ပါ တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here