နှာခေါင်း ခွဲစိတ် ပြုပြင်လိုက်တဲ့ ဟန်သီ

0
116

သရုပ်ဆောင် ဟန်သီက ဒီဇင်ဘာလ ၂၅ရက်နေ့က ဘန်ကောက်မြို့ကို မိခင်နဲ့ အတူသွားရောက်ခဲ့ပြီး နှာခေါင်းခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ Bangkok Clinic Revolution ရဲ့Brand Ambassador တစ်ဦးလည်းဖြစ်တဲ့ ဟန်သီက ဒီဆေးခန်းမှာ နှာခေါင်း ခွဲစိတ်ပြုပြင်ခဲ့တဲ့အတွေ့အကြုံတွေကို သူ့ရဲ့ပရိသတ်တွေ သိရှိဖို့အတွက် အခုလိုပြောပြခဲ့ပါ တယ်။

“ဟန်သီက နဂိုက နှာခေါင်းထိပ် နည်းနည်းပွပြီး နှာတံပြားပါတယ်။ လွန်ခဲ့သောသုံးနှစ်က တစ်ခါ၊ နှစ်နှစ်ကတစ်ခါနှစ်ကြိမ်ရှိပြီကိုရီးယားမှာ နှာခေါင်းချွန် အောင် ဆေးထိုး ထားပါတယ်။ အခု Bangkok Clinic Revolution ဆေးခန်းခွဲ ပေါင်း ၂ဝ ရှိတဲ့ အလှအပပြုပြင်ခွဲစိတ်တဲ့ဆေးခန်းက Brand Ambassador ခန့်တော့ နှာခေါင်းခွဲစိတ်မှုပြုလိုက်တာပါ။ ရှစ်နှစ်တာအတွေ့အကြုံရှိပြီး ကိုရီးယားမှာ သင်ကြားလာခဲ့တဲ့ နှာခေါင်းခွဲစိတ် ဆရာဝန်က filler နှစ်ကြိမ်ထိုးထားတဲ့ ဟန်သီကို open type နဲ့ နားနောက်က အရည်ကြည်ယူပြီး အချိန် ၄၅ မိနစ်ကြာ ပြုပြင်ခဲ့ပါတယ်။ နာ ကျင်မှုက ထင်ထားသလောက် မနာပါဘူး။ ရောင်နေတဲ့နေရာကပ်ဖို့ ဂျယ်လီနဲ့လိမ်းဆေး ပိုးသတ်ဆေးတွေပေးပါတယ်။ ခွဲပြီးပြီးချင်း ဟန်သီကတော့ မိတ်ဆွေတွေနဲ dinner သွားပြီးတော့စားပါတယ်။ ကပ်ထားတဲ့ပလာစတာက ဇန်နဝါရီလ ၃ ရက်နေ့မှ ဖြေရမှာဖြစ် တဲ့အတွက် ဘန်ကောက်မှာ အဲဒီနေ့ထိနေရပါတယ်။ ချုပ်ရိုးကိုတော့ ရန်ကုန် မှာပြန်လာဖြေမှာပါ။ တစ်လလောက် ဆိုရင်တော့ နှာခေါင်းကနေသား ကျ လောက်ပါပြီလို့ပြောပါတယ်” လို့ ခွဲစိတ်ဖြစ်ပုံကို ဟန်သီကပြောပါ တယ်။ ဒီလိုနှာခေါင်းခွဲစိတ်ပြုပြင်မယ်ဆိုရင် ဟန်သီလို နှာခေါင်းမှာ filler ထိုးထားတဲ့ သူတွေက ခွဲစိတ်ခအနေနဲ့ ၁၆သိန်းခွဲနဲ့ ကျပ်နားနောက်က အရိုးနုယူခ ကျပ်ငါးသိန်းခွဲ စုစုပေါင်း ကျပ်၂၂သိန်းလောက်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ ဟန်သီက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ နှစ်သစ်အလှူအနေနဲ့ နေအိမ်မှာ ဘုန်းကြီး ဆွမ်းကပ်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ပရိသတ် တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံသွားရောက်ဖို့ အစီအစဉ်ရှိပြီး လက်ဆောင် တွေလည်းပေးအပ်သွားမှာဖြစ်ကြောင်း ဟန်သီကပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here