ရှမ်း-မြန်မာ ချစ်ကြည်ရေးအနေနဲ့ မိုင်းပွန်းဧကရီ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမယ့် ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်

0
199

မြို့တော်မောင်ယဉ်အောင်က ရှမ်း-မြန်မာချစ်ကြည်ရေးအနေနဲ့ မိုင်းပွန်ဧကရီ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့စီစဉ်လျက်ရှိပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက ပုံမှန်ရုပ်ရှင်ဇာတ်ကားတွေထက် ၃ ဆလောက် ရိုက်ကူးစရိတ်ပိုမိုကုန်ကျမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားက လူအင်အား အများကြီးနဲ့ ရိုက်ကူးရမယ့်ဇာတ်လမ်းမျိုးဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း သူကပြောပါတယ်။ ”ဇာတ်ကလည်း အန္တရာယ်လည်းကြီးတယ်။ အတိမ်း အစောင်းမခံဘူး။ စကားလုံးတွေကအစ ရှမ်း-မြန်မာ ချစ်ကြည်ရေးပေါ့။ မိတ်ဆွေတစ်ယောက်ကဆိုရင် ဒီဇာတ်ကိုကြည့်ပြီး ဘာပြောလဲဆိုတော့ ခင်ဗျား အန္တရာယ်ကြီးတာကြီးကို ဘာလို့ကိုင်တွယ်တာတုံးတဲ့။ ဒီအချိန်က ပိုအရေးကြီးတယ်ပေါ့။ ကျွန်တော်က အဲဒီမှာ ကျွန်တော် ဆင်ဆာတင်ထားတဲ့ စာအုပ်လေးပြလိုက်တယ်။ ဇာတ်လမ်းရည်ရွယ်ချက်က ဗုဒ္ဓဘာသာတည်တံ့ခိုင်မြဲရေးနဲ့ ရှမ်းမြန်မာတိုင်းရင်းသားများ ချစ်ကြည်စွာ အတူတကွ လက်တွဲနေနိုင်ရန်အတွက် ရည်ညွှန်းပါသည်ပေါ့။ ပြီးတော့ ကျွန်တော်က ခေတ်စနစ်နဲ့အညီ တင်တာပါလို့ကို ရေးထားတာ။ ဒီနေ့ခေတ်ကိုထင်ဟပ်စေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့” လို့ ဇာတ်လမ်းနဲ့ပတ်သက်လို့ ဒါရိုက်တာမြို့တော်မောင်ယဉ် အောင်က ပြောပါတယ်။ နောင်တွင် ဥဒါန်းတွင်စေသတည်းကို ရုံတင်ပြီးတဲ့အချိန်မှာတော့ မိုင်းပွန်ဧကရီရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ဆွေးနွေးကြမယ်လို့သိရပြီး တစ်ခုမပြတ်သေးဘဲ တစ်ခုကိုစိတ်မသွင်းရဲကြောင်း၊ အမြန်ဆုံးတော့ ရိုက်ကူးနိုင်ဖို့ ကြိုးစားမှာပါလို့ သူကဆက်ပြောပါတယ်။ ”ဒီဇာတ်ကားအတွက် သရုပ်ဆောင်တွေလည်း မရွေးချယ်သေးပါဘူး။ အဓိကနေရာတွေ ကတော့ ခက်တယ်။ အနော်ရထာနေရာနဲ့ စောမွန်လှနေရာပေါ့။ ဒီနေရာမှာသရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကို ကိုယ်ကျင့်တရား ထိန်းသိမ်းတဲ့ သရုပ်ဆောင်တွေကို ရွေးပေးပါလို့ မေတ္တာရပ်ခံကြတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်သစ်တွေလည်း ပါလောက်မယ်။ လူကအများကြီး သုံးရမှာလေ” လို့ ဇာတ်ကားနဲ့ပတ်သက်လို့ ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်ကပြောပါ တယ်။ ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်က ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here