တစ်ကိုယ်တော် အခွေလုပ်ဖို့ အစီအစဉ်ရှိတဲ့ သရုပ်ဆောင် ဧကရီစုစံ

0
259

သရုပ်ဆောင်ဧကရီစုစံက နယ်ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် နယ်တွေဘက်ကိုသီချင်းတွေ သွားရောက်ဖျော်ဖြေလေ့ရှိပါတယ်။ သူ့အနေနဲ့ နယ်ပရိသတ်တွေကိုလည်း ချစ်ခင်တဲ့စိတ်တွေနဲ့ သီချင်းတွေ သီဆိုဖျော်ဖြေမှုမှာလည်း  အကောင်း ဆုံးဖြစ်အောင်တင်ဆက်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။

“ကိုယ့်ဇာတ်ကားတွေကတချို့နယ်တွေရောက်တာမရောက်တာ တွေရှိတယ် လေ။ အဲဒီ့တော့ကိုယ်ကနယ်ကပရိသတ်တွေနဲ့လည်းတွေ့ချင်တယ်။အခွေတွေက မရောက်ဘူးမစုကားလေးတွေ ကြည့်ချင်တယ် ဆိုပြီးပြောကြတယ်။ အဲဒီတော့ ကိုယ်က တအားနာမည်မကြီးပေမယ့် ကိုယ့်ရဲ့လှုပ်ရှားမှု လေးတွေကို တွေ့ ချင်တယ်ဆိုတော့ကိုယ်ကလည်းသူတို့နဲ့တွေ့ချင် တဲ့စိတ်လေးဖြစ်လာကောလေ။ တကူးတကကြီး သွားတွေ့ဖို့ကြတော့ လည်း မလွယ်ဘူးလေ။ နောက်ပိုင်းကျတော့ သီချင်းဆိုဖို့ ကမ်းလှမ်း တဲ့အခါကျတော့ သွားရင်းနဲ့ ကိုယ့်ပရိသတ် တွေနဲ့ တွေ့ရမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ သီချင်းတွေသွားဆိုဖြစ်သွားတယ်။ သီချင်းဆိုတာ တော်လည်း မတော်ပါဘူး။ တအားလည်းမကျွမ်းကျင် ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ပရိသတ်တွေနဲ့ တွေ့ချင်တာကြောင့်ဆိုဖြစ် သွားတာပါ။ ဆိုရင်းနဲ့ဝါသနာတော့ပါလာပြီ။ အဖေကတော့ အခွေလေး တစ်ခွေ လောက်တော့ လုပ်ဖို့တိုက်တွန်းတယ်။ ဒါပေမဲ့ အဆိုပိုင်း ကျတော့ သိပ်မကျွမ်းကျင်ဘူးလေ။ အဲဒီတော့နည်းနည်းပါးပါး သင်တန်း တွေ ဘာတွေပြန်တက်ပြီးတော့ လေ့လာရဦးမှာပါ။ လေ့လာပြီး ရင်တော့ အခွေလုပ်ဖြစ်လိမ့်မယ် ထင်ပါတယ်” လို့ သီချင်းသီဆို မှုပိုင်းနဲ့ ပတ်သက်လို့ ဧကရီစုစံက ပြောပြပါတယ်။

သူ့အနေနဲ့ကတော့ သီချင်းအေးအေးလေးတွေကို သီဆိုရတာဝါ သနာပါပြီးအခွေလုပ်ဖြစ်ရင်တော့ ဏဥဏ သီချင်းလေးတွေကိုအဓိကထည့်ဖြစ်လိမ့်လို့ ပြောပါတယ်။  “ကိုယ်ပိုင်သီချင်းကလည်း တေးရေးဆရာကို အပ် ထားပါတယ်။ သွင်းဖို့ကို ကိုယ့်ဘာသာကိုယ်စိတ်တိုင်း မကျဘူးဖြစ်နေတာ။ သီချင်းတွေက ဝယ်ထားတာ တော့ရှိပါတယ်”လို့ ဧကရီစုစံကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here