ဆီစိမ်အိမ်မက်

0
194

ရောင်းကုန်အသစ်
တံဆိပ်အမျိုးမျိုးကပ်
မှတ်ချက်အမျိုးမျိုးနဲ့
ဓားသွားပေါ်က ပျားရည်စက်
အတုအပသတိပြုပါ
ဆောင်ပုဒ်အတွက်။

လက်ဗွေရာကြည့်
စွဲချက်တွေ တစ်ဖက်သတ်
ချိုးငှက် အတောင်ညောင်း
ခေတ်ဟောင်းမှာ မအိပ်ချင်တော့ဘူး
ရာသီစာကို စားသုံး
ကောင်းမွန်စွာ အိပ်စက်ဖို့
ခေတ်ပြောင်းမှာ ငြိမ်းချမ်းချင်ပြီ။

အတုပေါတဲ့ မြေ
ရေတွေလည်း ခြောက်
တောင်တွေလည်း ပြောင်
ထပ်လောင်းအဆိပ်ငွေ့ ပေးပြန်တော့
ကမ္ဘာ့အလယ် လက်မ ထောင်ဖို့
ဥာဏ်ရည်တွေ ပျက်ကုန်ပြီ။

အမှားပေါ် အမှားဆင့်
အတုပေါ် အတုထပ်
နေရပ်မှာ ပြန်လည်ခိုနားဖို့
ဆီစိမ်ငြိမ်းချမ်းရေး
ဖြားယောင်းမှု အလိုမရှိ
အိပ်မက်အတု အလိုမရှိ
စစ်မှန်သောနေ့ရက်
တန်းတူအခွင့်အရေးဆီသို့
လက်ဆင့်ကမ်းကူး။

ဗညား (ရာမညမြေ)


LEAVE A REPLY

Please enter your comment!
Please enter your name here