အက္ခရာထဲများက အမေ့မေတ္တာတရား

0
224

က လလရည်ကြည် သန္ဓေတည် ကတည်းက
ခ ယဝပ်တွား မြတ်ဘုရားရှင်ထံဆုပန်
ဂ ယာမြေက မဟာဗောဓိပင်မှာ ဆုတောင်း
ဃ ရာဝါသတဏှာရာဂ မြစ်ဖျားခံစီးဆင်းခဲ့
င လျင်တော်လဲသံကြီးလို မြည်ဟည်း သကို
စ ကြဝဠာထက် မလျော့တဲ့ ဂရုစိုက် မှုတွေနဲ့
ဆ တက်ထမ်းပိုး တိုးလို့ ချစ်ရှာခဲ့ကြရတယ်
ဇ ယတုမင်္ဂလာအထွေထွေရှိကြောင်းပေါ့
ဈ မျဉ်းဆွဲရေးချနသတ်ဈာန်လို ပေါ့ပါး လွတ်လပ်ပြီ
ည နေချမ်းမှာ ပွင့်လန်းတဲ့ပန်းတစ်ပွင့်နှယ်

ဋ သန်လျင်းချိတ်လို့ နာမည်ပေးထားတဲ့အထွေးလေးပေါ့
ဌ ဝမ်းဘဲဆိုတဲ့ ညီမလေးက အလတ်မပေါ့
ဍ ရင်ကောက်ဆိုတဲ့ အစ်ကိုကြီးရဲ့ နာမည်
ဎ ရေမှုတ်က အဖေကြီးကိုယ်တိုင်
ဏ ကြီးကတော့ အမေကြီးကိုမှည့်ခေါ် တယ်
တ ကယ်တမ်းကတော့ စနေမိသားစုကြီးပေါ့ကွယ်
ထ ရံကာသွပ်မိုးအိမ်ဂေဟာလေးထဲက
ဒ လဟော စီးဆင်းနေတဲ့ မေတ္တာတွေ အနိန္တနဲ့
ဓ နဥစ္စာတွေ မကြွယ်ဝ မချမ်းသာ သော်ငြားလည်း
န ရီစည်းဝါး သံယောဇဉ်များစွာနဲ့ ခြံရံ ထားတယ်

ပ ကတိငြိမ်းချမ်းသာယာတဲ့ အမေ့ရင် ခွင်ထဲမှာ
ဖ ယောင်းသားလို နူးညံ့တဲ့ အမေ့အုပ်ထိန်းမှုအောက်မှာ
ဗ ဟုဝုစ်ကိန်းလိုများလှတဲ့ အမေ့ကရု ဏာတရား
ဘ ဝဂ်တိုင်တက်မယ့် အမေ့မုဒိတာ စိတ်ရင်း
မ ဟာဆန်တဲ့ အမေ့သီလကို ရှိခိုးဦးခိုက်ရင်း
ယ တြာချေစရာမလိုတဲ့ အမေ့ကိုယ်ကျင့်တရား
ရ တီစိန်ကျောက်ထက်မြတ်တဲ့ အမေ့သီလတရား
လ ပြည့်ဝန်းကြီးလို ပြည့်ပြည့်ဝဝသာနေခဲ့ပေါ့
ဝ ပြောသာယာတဲ့ အမေ့မေတ္တာအိမ်ကလေးမှာ
သ မုဒ္ဒရာမက နက်ရှိုင်းကျယ်ပြောလှစွာသော
ဟ ဒယနှလုံးသားကအကြင်နာတရားနဲ့ ထုံမွမ်းထား
ဠ ကြီးနဲ့ အ အက္ခရာတို့လို အဆုံးသတ်မှာမဟုတ်တဲ့
အ ကန့်သတ်မဲ့ ချစ်ခြင်းတရား၏ ပြယုဂ်အမေပါပဲ။

ဆဏ်းဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here